ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားမှာ စက်တင်ဘာ (၁၀)ရက်နေ့ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရသည့်အတွက် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိရာ ယင်းတံတားအား ယာယီသံဘေလီတံတားအစားထိုးရန် ပြင်ဆင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
အဆိုပါ ဆိုက်ခေါက်တံတားမှာ ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရခြင်းဖြစ်သည်ဟု သိရပြီး ဒေသတွင်း သက်ဆိုင်ရာဌာနများက ပြန်လည်ပြင်ဆင်ပေးရန် စီစဉ်လျှက်ရှိကြောင်း ဆိုသည်။
လက်ရှိတွင် မိုင်းဆတ်မြို့၌ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုအားကုစားရန် စက်သုံးဆီဝယ်ယူမှုအခက်အခဲများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။
“အခုကမိုင်းဆတ်မှာ မီးကပြတ် ဖုန်းလိုင်းတွေမကောင်းတော့ပိုဆိုးတာပေါ့။ မီးပြတ်တော့ မီးစက်အသုံးပြုရတော့ စက်သုံးဆီအခက်ခဲရှိကျတာပါ။အဲ့ဒါကြောင့်ဆီပန့်တွေအနေနဲ့ ရှိသလောက်လေးမျှမျှတတလေးရောင်းပေးစေချင်ပါတယ်နော်”ဟုဒေသခံ တစ်ဦးက ဆိုသည်။
ယခု စက်တင်ဘာ(၉)ရက်နေ့မှ စတင်၍
မိုင်းဆတ်မြို့၊ မယ်ဆွမ်ချောင်းရေ မြင့်တက်လာခဲ့ပြီးနောက် ချောင်းအနီးရှိ ဒေသခံများ၏ လယ်ယာတွင်လည်း ရေဝင်ရောက်မှုများရှိခဲ့ကြောင်း သိရသည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အတွင်းသို့ စက်တင်ဘာ (၁၀) နံနက်ပိုင်းမှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပွားလျှက်ရှိပြီး၊ လမ်းပိုင်းအချို့တွင်လည်း မြေပြိုခြင်း ရေကျော်ခြင်းများဖြစ်ပွားနေခြင်းဖြစ်သည်။
ဓာတ်ပုံ-CJ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
