အောင်ရဲထွေး အသတ်ခံရမှုတွင် အမှုရုပ်သိမ်းခွင့်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံထားရသည့် ရဲအုပ်ချစ်ကိုကို၏အမှု တရားလိုဘက်မှ သက်သေထွက်ချက်အား ဥပဒေနှင့် မညီဟုဆိုကာ တရားခံဘက်မှ ကန့်ကွက်မှုအတွက် နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရား လွှတ်တော်တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့သည်။
ပြီးခဲ့သည့်ရုံးချိန်းတွင် တရားလိုဖြစ်သူ ဦးမိုးနိုင်အား ဆက်လက်စစ်ဆေးရာတွင် တရားလိုက အောင်ရဲထွေး အသက်ခံရမှုတွင် တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးက ရဲအုပ်ချစ်ကိုကိုအား ကျပ်သိန်း ၃၀ ကို လေးကြိမ်ခွဲကာ ပေးအပ်ခဲ့သည်ဆိုသော ထွက်ဆိုချက်မှာ ဥပဒေနှင့် မညီညွတ် ဟုဆိုကာ ဦးချစ်ကိုကို၏ ရှေ့နေက ထွက်ဆိုချက်အား ပယ်ဖျက်ပေးရန် ကန့်ကွက်လျှောက်ထား ခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ ရာဇသတ်ကြီး ၅/၂၀၁၈ ဦးမိုးနိုင်နဲ့ ဦးချစ်ကိုကိုအမှုမှာ ဆရာတို့ ကန့်ကွက်ခဲ့တဲ့ ကန့်ကွက်လျှောက်လဲချက် ဒီနေ့တင်ပါတယ်။ ရုံးချိန်း ၂၃ ရက်နေ့မှာ အမိန့်ချဖို့ ပြန်ချိန်းပါတယ်။ ကန့်ကွက်လျှောက်လဲချင်တယ် ဆိုတာ တရားလိုဖြစ်တဲ့ ဦးမိုးနိုင်က ထွက်ဆိုချက်တွေမှာ ရဲတိုင်ထွက်ဆိုချက်တွေ ဖြစ်တယ်။ သက်သေခံ ဥပဒေပုဒ်မ ၂၅၊ ၂၆ တို့ ကျင့်ထုံးပုဒ်မ ၁၆၂ တို့နဲ့ ဖြစ်နေတဲ့အတွက် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးချစ်ကိုကို၏ရှေ့နေ ဦးသန်းအောင်က ပြောကြားသည်။
သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုတွင် အဂတိလိုက်စားကာ အမှုရုပ်သိမ်းခွင့်ပေးခဲ့သည့် သုဝဏ္ဏ စခန်းမှူးဟောင်း ရဲအုပ်ချစ်ကိုကိုအား စက်တင်ဘာ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အမြင့်ဆုံး ၁၅ နှစ် ချမှတ်နိုင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အမြင့်ဆုံး ၁၀ နှစ်အဖြစ် ချမှတ်နိုင်ကြောင်း ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ် တစ်လုံး၊ အကျႌတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှာ ကျပ်သိန်း ၁၃၀၊ ဂိုးလေ ဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံချည် တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး မှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်မှာ ကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုမှာ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာ ရှိ ဦးသိန်းဇော်မှာ ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။
ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းသို့မှာကြား အပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းကာ စစ်ဆေးရာမှ တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
