မြိတ်မြို့ရှိ လေးကျွန်းဆီမီးစေတီတော်ကြီးနှင့် ဗူးဘုရားအား ပင်လယ်ပြင်မှ ဖူးမြော်နိုင်သည့်မြင်ကွင်း မကွယ်ပျောက်စေရန်အတွက် အနီးနားတွင် အထပ်မြင့် အဆောက်အအုံများ ခွင့်ပြုတော့မည် မဟုတ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် မြိတ်မြို့တွင် သမိုင်းဝင်ဘုရားများဖြစ်သော လေးကျွန်းဆီမီး စေတီတော်ကြီးနှင့် ဗူးဘုရား ရင်ပြင်ကုန်းတော်မှ ပင်လယ်ပြင်ရှုခင်းအလှ မြင်ကွင်းများနှင့် ကုန်းတော်များ၏ မြေလွှာများ မထိခိုက်စေရန် ရည်ရွယ်ပြီး သတ်မှတ်ထားသည့် ဧရိယာအတွင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့် မပေးတော့ကြောင်း သိရသည်။
“အထပ်မြင့် အဆောက်အအုံကိစ္စနဲ့ ပတ်သက်ပြီး လေးကျွန်းဆီမီးသိမ်တော်ကြီးနှင့် ဗူးဘုရားရင်ပြင်ကို ဧရိယာတစ်ခု သတ်မှတ်ဖို့ မြို့သူမြို့သားတွေ၊ သိမ်တော်ကြီးဂေါပကအဖွဲ့ရယ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအ သင်းခွဲ (မြိတ်)၊ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး တိုင်ပင်တဲ့အခါမှာ ဆုံးဖြတ်ချက်တစ်ခု ချခဲ့ပါတယ် သိမ်တော်ကြီးရင်ပြင်က ၁၀၈ ပေရှိတယ် အဲဒီတော့ရင်ပြင်ကနေ မကွယ်အောင်မြို့အဝင်မှာ သိမ် တော်ကြီးကို မကွယ်နေအောင်လုပ်ဆောင်ဖို့ပေါ့။ အရင်တုန်းက အဆောက်အအုံတချို့တော့ ရှိခဲ့တယ်။ တချို့အဆောက်အအုံတွေကပေ ၉၀ လောက်ရှိတယ်။ နောက်ထပ် အထပ်မြင့် အဆောက်အအုံတွေ မတက်လာအောင် မြို့သူမြို့သားတွေက ၀ိုင်းဝန်းထိန်းသိမ်းမယ်ဆိုပြီး အမြင့်ဆုံး အဆောက်အအုံကို ပေ ၇၀ ပဲသတ်မှတ်ခဲ့ပါတယ်။ ဆိုလိုတာက ရင်ပြင်ရဲ့အမြင့်က ၁၀၈ ပေရှိတော့ အပေါ် က ၃၈ ပေနုတ်ပြီး အောက်ပိုင်းက ပေ ၇၀ ကို သတ်မှတ်လိုက်တာပါ။ နာရီစင်ကို 0 Levenl သတ်မှတ်ထားပြီး သတ်မှတ်တာပါ။ နောက်တစ်ခု ဗူးဘုရား အရှေ့ရင်ပြင်ကို ပေ ၅၀ သတ်မှတ်လိုက်တယ်။ ၁၆.၅.၂၀၁၈ မှ အစိုးရအဖွဲ့ကို တင်လိုက်တယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ အတည်ပြုချက် ပြန်ကျလာတဲ့အတွက် နောက်ထပ်ဆောက်လုပ်မယ့် အဆောက်အအုံတွေဟာ ပေ ၇၀ အထက်မမြင့်မှ ခွင့်ပြုမှာပါ။ ဒါကိုမြို့သူ၊ သားတွေသိရှိအောင် မီဒီယာကနေတစ်ဆင့် သိရှိအောင် ကြေငြာပါတယ်။ စည်ပင်သာယာရေး ကော်မတီကလည်း ဒါကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး ကြေငြာတာ ဖြစ်ပါတယ်” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားခဲ့သည်။
လေးကျွန်းဆီမီး စေတီတော်ကြီး ရင်ပြင်ပတ်ဝန်းကျင်အတွက် အဆောက်အအုံပေ ၇၀ မကျော်ရန် သတ်မှတ်လိုက်သည့် ဧရိယာများမှာ ဆိပ်ငယ်ဗောတံတား၊ ဗိုလ်ချုပ်လမ်း၊ ဆန်ဂိုဒေါင်လမ်း၊ ထားဝယ်စု(စီ) လမ်း၊ ဖြတ်လမ်းနှင့် ကမ်းနားလမ်းတို့ဖြစ်ပြီး ဗူးဘုရားရင်ပြင် ပတ်ဝန်းကျင်အတွက် အဆောက်အအုံပေ ၅၀ မကျော်ရန် သတ်မှတ်လိုက်သည့် ဧရိယာများမှာ ဆိပ်ငယ်စျေး၊ ဗောတံတားလမ်း၊ ဗိုလ်ချုပ်လမ်း၊ နောက်လယ်မီးသတ်လမ်းနှင့် ကမ်းနားလမ်းအထိ ပါဝင်ကြောင်း သိရသည်။
“အဓိကအချက်က ပင်လယ်ဆိပ်ကမ်းကနေ ဝင်လာတဲ့ မြင်ကွင်းပြခြင်း ဖြစ်ပါတယ်။ ပင်လယ်ဆိပ်ကမ်းကနေ ရှေးဟောင်းစေတီတော်ကြီးတွေ မမြင်မကွယ်အောင်၊ အဝေးကနေ ဖူးမြော်နိုင်အောင် ပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်းပဲ မြို့သူမြို့သားတွေ သိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ကြေညာသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးနှင့် ခရိုင်အုပ်ချုပ်ရေးတွေကိုလည်း ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဧရိယာအတိုင်း သိမ်တော်ကြီးမှ ပေ ၇၀ ၊ ဗူးဘုရားမှ ပေ ၅၀ ကို တင်ပြထားပါတယ်။ ဒါတွေကိုလည်း စည်ပင်သာယာရေးဘတ်ဂျက် လူထုရှင်းလင်းပွဲထပ်ဆင့် ရှင်းလင်းပြောကြား ပေးဦးမှာပါ” ဟု ဦးမြတ်ကိုကိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
