ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ပရဟိတ ရန်ပုံငွေလက်ဝှေ့ပွဲတစ်ခုအတွင်း အသက် ၁၃ နှစ်အရွယ် လက်ဝှေ့သမားတစ်ဦးသေဆုံးခဲ့မှုကြောင့် ထိုင်းနိုင်ငံသားများ ထိတ်လန့်ဒေါသ ဖြစ်ခဲ့ကြပြီး ကြမ်းတမ်းသော မွေထိုင်းကိုယ်ခံပညာတွင် ကလေးများ ထိုးသတ်မှုအား တားမြစ်ရန် ထပ်မံတောင်းဆိုခဲ့ကြသည်။
ထိုင်းလက်ဝှေ့ထိုးပွဲသည် နိုင်ငံအတွင်း အလွန်အမင်းရေပန်းစားပြီး လက်ဝှေ့သမားအများစုသည် အောင်မြင်မှုနှင့် ငွေကြေး ဥစ္စာရှာဖွေရန်အတွက် ငယ်ရွယ်စဉ်မှာပင် လက်ဝှေ့လောကသို့ ဝင်ရောက်ခဲ့သည်။
သို့သော် လက်သီး၊ တံတောင်၊ ဒူးနှင့် ညို့သကျည်းတို့ကို ပေါင်းစပ်အသုံးပြုရသည့် လက်ဝှေ့ပြိုင်ပွဲတွင် တစ်ခါတစ်ရံအသက် ၁၀ နှစ်အောက်ကလေးများပင် ပါဝင်မှုသည် မကြာခဏ ဝေဖန်ခံခဲ့ရသည်။
လူငယ်လက်ဝှေ့သမားအများစုသည် ဆင်းရဲသည့်မိသားစုများမှ မိသားစုအတွက် ဝင်ငွေ ရှာပေးရသူများဖြစ်သည်။
နိုဝင်ဘာ ၁၀ ရက်တွင် ဘန်ကောက် မြို့အနီး ဆမွတ်ပရာကန်ပြည်နယ်၌ ပြုလုပ်ခဲ့သည့် လက်ဝှေ့ပြိုင်ပွဲတစ်ခုတွင် အနူချာတာဆာကိုသည် ဦးခေါင်းကို ပြိုင်ဘက်ဖြစ်သူ၏ ကြိမ်ဖန်များစွာ ထိုးနှက်ခြင်းခံခဲ့ရပြီးနောက် လဲကျခဲ့သည်။
ကြိုးဝိုင်းကြမ်းပြင်ပေါ်သို့ လဲကျပြီးနောက် အနူချာကို ကူညီရန် လက်ထောက်များက ကြိုးဝိုင်းအတွင်းသို့ အမြန်ပြေးဝင်လာသည့် စိတ်မချမ်းမြေ့ဖွယ် အခိုက်အတန့်အား မိုဘိုင်းဖုန်းဖြင့် ရိုက်ထားသည့် ဗီဒီယိုကို ထိုင်း မီဒီယာတွင် ပြသခဲ့သည်။ Phetmongkol Sor Wilaithong အမည်ဖြင့် လက်ဝှေ့ထိုးသည့် အနူချာသည် ဦးနှောက်သွေးယိုစိမ့်မှု ဖြစ်ပြီး မကြာမီ သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုလက်ဝှေ့ပွဲထိုးသတ်နေစဉ် ဒိုင်လူကြီးက အလျင်အမြန်ကြားဝင်ခဲ့ခြင်း မရှိဟု အချို့က ထောက်ပြခဲ့ကြသည်။အနူချာသည် အသက်ရှစ်နှစ်မှစ၍ လက်ဝှေ့ထိုးခဲ့ပြီး ပြိုင်ပွဲ ၁၅၀ ကျော်တွင် ယှဉ်ပြိုင်ခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။ ၎င်း၏ ယှဉ်ပြိုင်ဘက် Nitikron Sonde သည် ၎င်းနှင့် သက်တူရွယ်တူ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အနူချာ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း Sonde က Facebook တွင် ဖော်ပြခဲ့သည်။
“ဒီကိစ္စအတွက် ကျွန်တော် စိတ်ထိခိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော့်ပညာရေးအတွက် လုံလောက်တဲ့ငွေရှာဖို့ ကျွန်တော် အနိုင်ရအောင်လုပ်ရမယ်” ဟူသော Post ကို ၎င်းက ရေးသားခဲ့သည်။
လက်ဝှေ့ထိုးသူမည်သူမျှ ဦးခေါင်းအကာအကွယ်ကို မဝတ်ဆင်ထားပေ။ လက်ဝှေ့ပွဲတွင် အသက် ၁၂ နှစ်အောက် ကလေးငယ်များ ပါဝင်မှုကို တားမြစ်မည့်ဥပဒေမူကြမ်းသည် အနူချာသေဆုံးပြီးနောက် ထောက်ခံမှုရရှိနိုင်ခြေရှိသည်။ ယင်းဥပဒေမူကြမ်းကို မြန်မြန်ဆန်ဆန်တင်သွင်းမည်ဟု ခရီးသွား နှင့် အားကစားဝန်ကြီးက ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
