ပခုက္ကူမြို့နယ်အတွင်း ဖော်ဆောင် မည့် ရေနံချက်ဇုန်တွင် လက်ဝါးကြီးအုပ် စီး ပွားရေးမဖြစ်စေရေးနှင့် အသေးစားလုပ်ငန်းရှင်များ ပါဝင်ရေးအတွက် လုပ်ဆောင် မည်ဖြစ်ပြီး ရေနံချက်လုပ်ငန်း လုပ်ကိုင်လိုသူ များပါဝင်နိုင်ရေး ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး သဘာဝသယံဇာတ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောကြား သည်။
ပခုက္ကူမြို့နယ်အတွင်း ကိုးပင်ကျေးရွာ အနီး မြေဧက ၂၀၀ တွင် ဖော်ဆောင်မည့် ရေနံချက်ဇုန်တွင် လုပ်ကိုင်လိုသူ လုပ်ငန်း ရှင်လေးဦးခန့်က ကနဦးလုပ်ငန်းလုပ်ကိုင် ခွင့် လျှောက်ထားပြီး ပြည်ထောင်စုအစိုးရ အဖွဲ့က ထပ်မံ စိစစ်နေကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီက စိ စစ်ပြီးဖြစ်တဲ့ လုပ်ငန်းလေးခုရှိပါတယ်။ သူ တို့ တင်ပြလာတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရဆီကို တင်ပြထားပါတယ်။ တင်ပြချက်တွေကို ပြည်ထောင်စုအစိုးရ အဖွဲ့ကဆက်လက်စိစစ်နေပါတယ်။ လုပ်ငန်း တွေ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ကို ဆောင်ရွက်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီး သဘာဝသယံဇာ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသည့် လုပ်ငန်းငါးခုခန့်ရှိပြီး အချို့သော လုပ်ငန်းများမှာ တရုတ်၊ ကိုရီးယားနိုင်ငံမှ လုပ်ငန်းရှင်များက တင်ပြထားခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရေနံချက်လုပ်ငန်း လုပ်ကိုင်လိုသူများအား မြေနေရာရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ပြီး သဘောဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် ရေနံချက်လုပ်မှု နည်းပညာ အသုံးချမှုတို့အတွက် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“တိုင်းဒေသကြီးက စိစစ်ပြီးတဲ့ လုပ်ငန်းလေးခုကို ပြည်ထောင်စုအဆင့် တင်ပြထားတယ်။ တိုင်းဒေသကြီးမှာ ထပ်မံတင်ပြတာ ငါးခုလောက်ရှိတယ်။ တိုင်းအဆင့်ကမြေနေ ရာနဲ့ မီးရရှိရေးလုပ်ပေးမယ်။ လုပ်ငန်းတစ် ခုကို မြေ ၁၅ ဧကအထိ ချထားပေးမယ်။ ကျွန်တော်တို့ဆီကို တစ်ဦးတည်းလုပ်နိုုင်တဲ့ လုပ်ငန်းရှင်တွေ လာလျှောက်တာ ရှိပေမယ့် ခွင့်မပြုပါဘူး။ တစ်ဦးတည်းက လုပ်ငန်းစျေး ကွက်ကို ခြယ်လှယ်တာမျိုး အဖြစ်မခံပါဘူး။ အသေးစား လုပ်ငန်းရှင်တွေ အတွက်လည်း လမ်းဖွင့်ပေးထားပါတယ်။ တစ်ဦးတည်းကို လုပ်ကိုင်ခွင့်ပြုလို့ ရပေမယ့် ခွင့်မပြုပါဘူး။ အားလုံးလုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်ပေးမှာပါ” ဟု မကွေးတိုင်းဒေသကြီး သဘာဝသယံဇာ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။
ပခုက္ကူမြို့နယ်အတွင်း ဖော်ဆောင်မည့် ရေနံချက်ဇုန်တွင် ဒေသတွင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ရေနံလက်ယက်တွင်းများမှ ထွက်ရှိသည့် ရေနံများ အဓိက ချက်လုပ်မည်ဖြစ်ပြီး ချက်လုပ်နိုင်သည့် ပမာဏအပေါ် အခြေခံ၍ မကွေးတိုင်းအတွင်းရှိ အခြားသော ရေနံထွက်ရှိရာ ဒေသများမှ ရေနံများကိုပါ တင်ပို့ချက်လုပ်စေမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းအတွင်း ထုတ်လုပ်လျက်ရှိသည့် ရေနံလက်ယက်တွင်း တွင်းတိမ်များမှ ကောက်ခံရရှိသည့် အခွန်ငွေများမှာ မကွေးတိုင်းအတွင်း ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးပါ၍ တိုင်းဒေသကြီးအစိုးရ အခွန်ငွေရရှိရေးနှင့် တရားမဝင်ရေနံချက်ဖို ပပျောက်ရေးအတွက် ရေနံချက်ဇုန် တည်ထောင်ရခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ ရေနံလက်ယက်တွင်း လုပ်ကိုင်သူများကလည်း တရားဝင် ဒေသတွင်း ရေနံချက်ဖိုလုပ်ငန်း ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အစိုးရကစီစဉ်သည့် ရေနံချက်ဇုန်တွင် ဒေသခံများ လုပ်ကိုင်ရန် မလွယ်ကူကြောင်း ပြောကြားခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
