ရန်ကုန်မြို့တွင် မြို့တော်အတွင်းပတ်လမ်းအား မိုးပျံအမြန်လမ်းအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး East Wing အခြမ်းတွင် PPP အစီအစဉ်ဖြင့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း Phase (I) အဖြစ် ဦးစွာအကောင် အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တော်တွင် မြို့တော်အတွင်းပတ်လမ်း (Inner Ring Road) အား မိုးပျံ အမြန်လမ်း (Elevated Expressway) အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ယခုအခါ East Wing အခြမ်းတွင် PPP အစီအစဉ်ဖြင့် Yangon Elevated Expressway Project Phase(I) အဖြစ် ဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Yangon Elevated Expressway Project Phase(I) ၏ အရည်အချင်းစစ် ဆေးမှုတင်သွင်းလွှာ (Prequalification Application) များ တင်သွင်းရန်အတွက် စက်တင်ဘာလအတွင်း ခေါ်ယူခဲ့ကြောင်း၊ ဆန်ခါတင်စာရင်းကို နိုဝင်ဘာလကုန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး Request for Proposal အဖြစ် ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် IFC တို့ပူးပေါင်း၍ ရန်ကုန်မိုးပျံအမြန်လမ်း တင်ဒါတင်သွင်းခြင်း၊ လက်ခံခြင်းနှင့်ပိတ်ပွဲကို နိုဝင်ဘာ၁၃ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အရည်အချင်း စစ်ဆေးလွှာ (Prequalification Application) များ လာရောက်တင်သွင်းသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍ တင်သွင်းသည့် ကုမ္ပဏီများရှေ့ မှောက်တွင်ပင် တင်သွင်းလွှာများကို စစ်ဆေး လက်ခံသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ လုပ်ငန်းကိုအောင်မြင်အောင် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တင်ဒါ ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က တင်ဒါစည်းမျဉ်းစည်းကမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားပြီး တင်ဒါကော်မတီနှင့် IFC တို့မှ တာဝန်ရှိသူတို့က အရည်အချင်း စစ်ဆေးလွှာ တင်သွင်းသည့် ကုမ္ပဏီတစ်ခုချင်းစီအလိုက် တင်သွင်းလွှာများ စစ်ဆေးခြင်း နှင့် တင်သွင်းသည့် အမည်စာရင်း ကြေညာ ကြောင်း သိရသည်။
ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပို မိုလွယ်ကူစွာသွားလာနိုင်ရန် မျှော်မှန်း ထားကြောင်း၊ အဆိုပါရည်ရွယ်ချက်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် Request For Qualification (RFQ) နှင့် စီမံကိန်း နှင့် ပတ်သက်သော နောက်ခံ သတင်းအချက်အလက်များ ပါဝင်သော Preliminary Information Memorandum (PIM) တို့ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၁၅၀၀ အား Non-refundable fee အနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ငွေစာရင်းဌာနခွဲသို့ ပေးသွင်းပြီး ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
အရည်အချင်းပြည့်မီသော တင်ဒါ အောင်မြင်သူများကိုသာ နောက်တစ်ဆင့် ဖြစ်သည့် စီမံကိန်းအဆိုပြုလွှာကို တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
