နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်နှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင် ပြုလုပ်လျက်ရှိသော ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အလွတ်သဘော လာရောက်သော အမေရိကန် ဒုသမ္မတ မိုက်စ်ပန့်တို့၏ နှစ်နိုင်ငံကြား ဆက်ဆံရေးဆိုင်ရာ သီးသန့်တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို အာဆီယံ အစည်းအဝေးများ ကျင်းပရာ Suntec City Convention And Exhibition Centre နှင့် အနီးဝန်းကျင်တွင်ရှိသော အမေရိကန်ဒုသမ္မတ တည်းခိုသည့် Ritz Carlton ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲတွင် အမေရိကန်ဒုသမ္မတနှင့်အတူ လိုက်ပါလာသော အမေရိကန်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးအချို့နှင့် မြန်မာဘက်မှနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
(၁၅) မိနစ်ဝန်းကျင်ခန့်သာကြာမြင့်သော မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအတွက် သီးသန့်တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံကြား စီးပွားရေး၊ လူ့ အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အမေရိကန်မှ မြန်မာအပေါ် အားပေးကူညီမှုများနှင့်ပတ်သက်၍ အမေရိကန် ဒုသမ္မတက ပြောကြားမှုများ ရှိခဲ့ကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဆွေးနွေး ပြောဆိုမှုများရှိခဲ့ကြောင်း အမေရိကန်ဒုသမ္မတ၏ စင်ကာပူ ခရီးစဉ်အတွင်း လိုက်ပါလာကြသော အမေရိကန်ဂျာနယ်လစ်များ၏ပြောကြားမှုအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ကျင်းပပြုလုပ်ခဲ့သော ပြီးခဲ့သည့် ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် တက်ရောက်ခဲ့သော်လည်း ယခုကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးတွင်မူ ဒုသမ္မတ မိုက်ပန့်စ်သာ လာရောက်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် အာဆီယံထိပ်သီး အစည်းအဝေးကျင်းပစဉ်ကာလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်တေလာဆန်တို့သည် ယခုကဲ့သို့ပင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ သီးခြား တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကိုပြုလုပ်ခဲ့သေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
