ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်ရာ ပအိုဝ်းတိုင်းရင်းသား အများအပြား တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဖွင့်ပွဲ ပထမရက်ဖြစ်သော နိုဝင်ဘာ (၁၄) ရက်တွင် အမျိုးသား လုံခြုံရေး လူမှုကွန်ရက်ဗဟိုမှ ပွဲဖြစ်မြောက်ရေး ကော်မတီအဖြစ် ဦးဆောင်ကာ၊ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး အပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ရာ ပအိုဝ်းဒေသများမှ ပအိုဝ်းတိုင်းရင်းသား ငါးထောင်ကျော် တက်ရောက်ခဲ့ကြောင်း ဦးဆောင်ဆရာတော်မှ မိန့်ကြားသည်။
တောင်ကြီးမြို့တွင် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ မှ ညနေ ၄ နာရီအထိ ပြုလုပ်ခြင်းဖြစ်ပြီး၊ စုရပ်အဖြစ် စစ်မှုထမ်းဟောင်း ရုံးရှေ့ မှ လမ်းလျှောက်ကာ ပြည်နယ်အားကစားကွင်း(တောင်ကြီးမြို့) မိုးလုံလေလုံ ခန်းမတွင် ဟောပြောပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်မတော်ထောက်ခံပွဲကို အမျိုးသား လုံခြုံရေး လူမှုကွန်ရက်ဗဟိုမှ ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ပအိုဝ်းတိုင်းရင်းသား အများစုဖြစ်ပြီး၊ ဗမာ၊ အင်းသား၊ ထနော့ တိုင်းရင်းသားများ ပါဝင်ခဲ့ကာ၊ ပူးပေါင်း ပါဝင်သော အဖွဲ့အစည်းများမှာ ရန်ကုန် မျိုးချစ်ရဟန်းတော်များ သမဂ္ဂ၊ မန္တလေး မျိုးချစ်ရဟန်းတော်များ သမဂ္ဂ၊အမျိုးသား လှုပ်ရှားမှု ကွန်ရက် (မိတ္ထီလာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစု (NGF) ပါတီ၊ အမျိုးသား မြင့်မားရေး ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် PNO အသွင်ပြောင်း ဌာနေပြည်သူ့စစ် တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
တပ်မတော်ထောက်ခံပွဲတွင် ကြွေးကြော်သံများအဖြစ် ပြည်ထောင်စုကြီး ထာဝရ မပြိုကွဲရေး ဒို့အရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံး ညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်အား အစဉ် ဝန်ရံရေး ဒို့အရေး၊ ပြည်ထောင်စုပြိုကွဲအောင ်ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တပ်မတော် ပြိုကွဲအောင် ကြံဆောင်သူ မှန်သမျှ ဆန့်ကျင်ကြ စသည့် ၆ ချက် တို့ကို ချီတက်ရာ လမ်းတစ်လျှောက်တွင် ကြွေးကြော်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၄ ရက်တွင် တောင်ကြီးမြို့နှင့် ကျိုင်းတုံမြို့တို့တွင် တစ်ပြိုင်နက် ပြုလုပ်ခြင်းဖြစ်ကာ၊ နိုဝင်ဘာ ၁၇ ရက်တွင် လွိုင်ကော်၊ ၁၈ ရက်တွင် မိတ္ထီလာ၊ ၂၅ ရက်တွင် လားရှိုး မြို့တို့တွင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တပ်မတော် ထောက်ခံပွဲများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
