Top News

အပြောင်းအရွှေ့ဗျူဟာ မပြောင်းလဲဟု ဆိုရီယာနို ပြောကြား
24htopnews | September 12, 2024 6:12 PM CST

မန်စီးတီးအသင်း၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဆိုရီယာနိုက ၎င်းတို့၏ အပြောင်းအရွှေ့ဗျူဟာ မပြောင်းလဲကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အပြောင်းအရွှေ့စျေးကွက်တွင် ငွေကြေးများစွာ အသုံးပြုလေ့ရှိသည်။

သို့သော် မန်စီးတီးအသင်းသည် ပြီးခဲ့သည့်နွေတွင် ကစားသမားရောင်းချမှုမှ ပေါင်(၁၅၈)သန်းကျော်ရရှိခဲ့သော်လည်း ကစားသမားဝယ်ယူရာတွင် ပေါင်(၂၃) သန်းသာ အသုံးပြုခဲ့သည်။

ဆိုရီယာနိုက ''မန်စီးတီးရဲ့ရည်မှန်းချက်က ဖလားတွေ ယူဖို့နဲ့ ဘဏ္ဍာရေးတည်ငြိမ်ဖို့ပါ။ နှစ်တိုင်းအမြတ်ရဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါတွေက ရာသီတိုင်းမှာ အပြောင်းအလဲရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ခြေစွမ်းနဲ့ ဘဏ္ဍာရေးအခြေအနေက အရမ်းတည်ငြိမ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK