ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်၏ စပိန်နိုင်ငံနှင့် ပတ်သက်သည့်မှတ်ချက်အတွက် ဒေါသထွက်နေပြီး ၎င်းအား ရောင်းထုတ်ရန်ပင် စဉ်းစားနေကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် လက်ရွေးစင်အသင်းအတွက် ကစားနေချိန်တွင် စပိန်နိုင်ငံကို ဝေဖန်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်က စပိန်နို်င်ငံတွင် လူမျိုးရေးခွဲခြားမှုနှင့် အသားအရောင်ခွဲခြားမှုများမှာ များလွန်းပြီး ယင်းမှတ်တမ်းဆိုးကို လျော့ကျအောင် မလုပ်ဆောင်နိုင်ပါက စပိန်နိုင်ငံကို ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်မှ ဖယ်ရှားပစ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်၏မှတ်ချက်မှာ စပိန်နိုင်ငံသားများအတွက် ဒေါသထွက်စရာဖြစ်ခဲ့ပြီး ၎င်း၏ရီးယဲလ်အသင်းဖော် ကာဗာဟယ်လ်က လူမျိုးရေးခွဲခြားမှုများကို ဆန့်ကျင်သော်လည်း ကမ္ဘာ့ဖလားနှင့်ပတ်သက်သည့် ဗင်နီစီယပ်စ်၏မှတ်ချက်ကိုမူ သဘောမတူကြောင်းပြောကြားခဲ့သည်။
မက်ဒရစ်မြို့တော်ဝန် အယ်လ်မေးဒါးက ဗင်နီစီယပ်စ်၏မှတ်ချက်မှာ စပိန်နှင့် မက်ဒရစ်သားများအား လူမျိုးရေးခွဲခြားသူများဖြစ်သည်ဟု မှားယွင်းစွပ်စွဲလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sport ၏ဖော်ပြချက်အရ ဗင်နီစီယပ်စ်၏အဆိုပါမှတ်ချက်အတွက် အသင်းဥက္ကဋ္ဌ ပီရက်ဇ်နှင့် ဘုတ်အဖွဲ့ဝင်များကလည်း မပျော်မရွှင်ဖြစ်နေကြကြောင်း သိရသည်။
စပိန်နိုင်ငံသည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနိုင်ငံတို့နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားပြီး ပီရက်ဇ်က ဗိုလ်လုပွဲကို ဘာနေးဗျူးကွင်းတွင် ကျင်းပခွင့်ရရန် မျှော်လင့်နေကြောင်း သိရသည်။
ထို့ကြောင့် ယင်းမျှော်လင့်ချက်ကို ပျက်စီးစေမည့် ဗင်နီစီယပ်စ်၏မှတ်ချက်အပေါ် ဒေါသထွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပီရက်ဇ်နှင့် ရီးယဲလ်အသင်းတာဝန်ရှိသူများသည် ဗင်နီစီယပ်စ်၏အပြောအဆိုနှင့် အမူအကျင့်များကို စိတ်ပျက်နေကြပြီး အသင်း၏အဆင့်အတန်းကို ကျဆင်းစေသည်ဟုယူဆကာ ၎င်းကို ရောင်းထုတ်ရန်ပင် စဉ်းစားနေကြကြောင်း Sport က ဖော်ပြခဲ့သည်။
စပိန်တွင် အင်တာဗျူးလုပ်ရန် ငြင်းဆိုလေ့ရှိသော်လည်း ဘရာဇီးလ်တွင် မီဒီယာများနှင့် အင်တာဗျူးလုပ်ခဲ့သည့် ဗင်နီစီယပ်စ်နှင့် ရိုဒရီဂိုတို့ကို ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် ဒေါသထွက်နေကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
