အာဆင်နယ်ပရိသတ်များသည် မြောက်လန်ဒန်ဒါဘီအဖြစ် ကစားမည့် စပါး-အာဆင်နယ်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ဂီလ်လက်ကို ခန့်အပ်ခဲ့ခြင်းအတွက် ဒေါသထွက်နေကြကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် စက်တင်ဘာ (၁၅)ရက်(တနင်္ဂနွေနေ့)တွင် စပါးအသင်းကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး အသင်းတွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။
စပါးအသင်းနှင့်ကစားမည့်ပွဲကို အာဆင်နယ်အသင်း၏အဓိကကစားသမားများဖြစ်သည့် အော်ဒီဂွါ၊ ဂျေးဇူး၊ တင်ဘာစ်နှင့် ကာလာဖီအိုရီတို့မှာ ဒဏ်ရာပြဿနာများကြောင့် လွဲချော်မည်ဖြစ်ပြီး ဒက်ကလန်ရိုက်စ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။
ယင်းအခြေအနေတွင် ပရီးမီးယားလိဂ်ဒိုင်အဖွဲ့က စပါး-အာဆင်နယ်ပွဲအား ကိုင်တွယ်ရန် ဒိုင်လူကြီး ဂီလ်လက်ကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ဂီလ်လက်သည် ပြီးခဲ့သည့်ရာသီက အက်စတွန်ဗီလာ (၁-၀) အာဆင်နယ်ပွဲကို ကိုင်တွယ်ခဲ့ပြီး အဆိုပါပွဲစဉ်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူူးမှာ ပယ်နယ်တီဧရိယာထဲတွင် လူချခံခဲ့ရသော်လည်း ပယ်နယ်တီ မရခဲ့သည့်အတွက် အာဆင်နယ်ပရိသတ်များ ဒေါသထွက်ခဲ့ကြသည်။
ထို့ပြင် ယခုရာသီ ဝုလ်ဗ်နှင့်ပွဲတွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့က ချမှတ်ခဲ့သည်။
ထို့ကြောင့် ၎င်းကို စပါးနှင့်ကစားမည့်ပွဲတွင် ကွင်းလယ်ဒိုင်အဖြစ် ခန့်အပ်ခြင်းအပေါ် အာဆင်နယ်ပရိသတ်များ ဒေါသထွက်နေကြပြီး ''ရာသီကို ဖျက်လိုက်တော့''၊ ''ဂါဘရီယဲလ် အနီကတ်၊ စပါး ပယ်နယ်တီ'' စသည့် မှတ်ချက်များကို လူမှုကွန်ရက် X တွင် ရေးသားခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
