မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် ယခုတစ်ပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ပါက ရာထူးမှထုတ်ပယ်ခံနိုင်သည်ဟု သတိပေးပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃) အပြီးတွင် ဖူလ်ဟမ်တစ်သင်းတည်းကိုသာ အနိုင်ရပြီး ဘရိုက်တန်နှင့် လီဗာပူးလ်တို့ကို (၂) ပွဲဆက် ရှုံးနိမ့်ထားသည်။
မန်ယူအသင်းသည် အဆိုပါရှုံးပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသဖြင့် နည်းပြ တန်ဟက်ဂ်မှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီတွင် အစောဆုံးထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ရေပန်းစားနေသည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄) အဖြစ် စက်တင်ဘာ (၁၄)ရက်(စနေနေ့)တွင် ဆောက်သမ်တန်အသင်းကို အဝေးကွင်း သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယင်းပွဲတွင် ခြေစွမ်းမကောင်းပါက တန်ဟက်ဂ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရနိုင်ကြောင်း ဆာဟာက သတိပေးခဲ့ခြင်းဖြစ်သည်။
ဆာဟာက ''လီဗာပူးလ်နဲ့ပွဲမှာ ရလဒ်ထက် အသင်းရဲ့စွမ်းဆောင်မှုက ပြောစရာဖြစ်ခဲ့တာပါ။ တန်ဟက်ဂ် ဝေဖန်ခံနေရတာက မန်ယူအသင်း ကစားပုံမကောင်းလို့ပါ။ တကယ်လို့ ဆောက်သမ်တန်နဲ့ကစားမယ့်ပွဲမှာ ဆောက်သမ်တန်အသင်းက မန်ယူအသင်းကို လီဗာပူးလ်ကစားသလို အပေါ်စီးကစား ပြီး အနိုင်ယူသွားမယ်ဆိုရင် တန်ဟက်ဂ်အနေနဲ့ သူ့ရာထူးကို ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
