Top News

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးစဉ်ပျံသန်းနေသည့် ART လေယာဉ်များအား ART 72-600 လေယာဉ်အမျိုးအစား တစ်ခုတည်းဖြင့်သာ ပျံသန်းသွားရန် စီစဉ်နေ
24htopnews | September 12, 2024 6:12 PM CST

မြန်မာ အမျိုးသားလေကြောင်းလိုင်းမှ ခရီးစဉ်ပျံသန်းနေသည့် ATR လယာဉ်များအား ART 72-600  လေယာဉ်အမျိုးအစား တစ်ခုတည်းဖြင့်သာ ပျံသန်းသွားရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သတင်းရရှိသည်။

လက်ရှိတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း ခရီးစဉ်များတွင် ပျံသန်းရန် ပြင်သစ်နိုင်ငံ ATR ကုမ္ပဏီမှ ငှားရမ်းသည့် ART 72-600 လေယာဉ်သစ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ ၆ ရက်က ရောက်ရှိခဲ့သည်။ အဆိုပါ လေယာဉ်သည် ART 72-600 နောက်ဆုံးထုတ် လေယာဉ်အမျိုးအစားသစ် ဖြစ်ကြောင်း သိရသည်။

အခု လက်ရှိပျံသန်းနေတဲ့ ATR လေယာဉ်တွေက ART 72-600 အမျိုးအစားလည်းရှိတယ်။ ART 72- 500 လည်းရှိတယ်။ ရောနေတာပေ့ါ။ အဲဒီလိုရောနေတော့ လေယာဉ်မှူးတွေအနေနဲ့လည်း အမျိုး အစားနှစ်မျိုးမောင်းနေရတယ်။ အဲဒီတော့ လေယာဉ် အမျိုးအစားတစ်မျိုးတည်းသာ ဆိုရင် လေယာဉ်မှူးတွေလည်း အဆင်ပြေတယ်။ ပြုပြင်ထိန်းသိမ်းတဲ့အပိုင်းမှာလည်း ပိုပြီးအဆင်ပြေမယ်။ ဒါကြောင့်မို့ နောက်ဆို ART 72-600  လေယာဉ်အမျိုးအစားတစ်မျိုးတည်းနဲ့ပဲ ပျံသန်းသွားမှာပါ  ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်း၏ စီအီးအို ဦးသန်းထွန်းက ပြောပြခဲ့သည်။

မြန်မာ အမျိုးသားလေကြောင်းလိုင်း၏  ART 72-600 XY-AML  လေယာဉ်သစ်သည် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၆ ရက်က ရောက်ရှိခဲ့ပြီး ယင်းလေယာဉ်သစ်အား ကြိုဆိုပွဲ အခမ်းအနားအား နိုဝင်ဘာ ၆ ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်း Hangar တွင် ကျင်းပခဲ့သည်။

အဆိုပါ ART 72-600 XY-AML  လေယာဉ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ၇ စီးမြောက် ART 72-600 Series  လေယာဉ်သစ်ဖြစ်ပြီး မကြာခင်အချိန်အတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်း လက် ရှိပျံသန်းလျက်ရှိသော ပြည်တွင်းနှင့် ပြည်ပ ခရီးစဉ်များတွင် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာ အမျိုးသားလေကြောင်းလိုင်း၌ ART 72 Series အမျိုးအစားခြောက်စင်းရှိပြီး၊ အနာဂတ်တွင် အမျိုးအစားမတူသည့် လေကြောင်းလိုင်းတွင် လက်ရှိအသုံးပြုနေသည့် ART 72-500  လေယာဉ်များအား ပြန်လည်ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။


READ NEXT
Cancel OK