ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံအ တွင်းသို့ ပြန်လည်ဝင်ရောက်ရန် လူဦးရေ ၈၀၃၂ ဦး စာရင်းပေးခဲ့ပြီး ယင်းတို့အနက်မှ လူဦးရေ ၅၀၀၀ ကို စိစစ်ပြီး အသုတ်နှစ်သုတ်ခွဲကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံတွင်းသို့ ပြန်လည်ဝင်လာမည့်သူ များအနက် လူဦးရေ ၂၂၆၀ ကို ပထမအသုတ် အနေဖြင့် ယခုလအတွင်း ငါးခူရ ရေလမ်းမှ စတင်ခေါ်ယူမည်ဖြစ်ပြီး ဒုတိယအသုတ် လူ ဦးရေ ၂၀၉၅ ဦးကို တောင်ပြိုလက်ဝဲ ကုန်းလမ်းမှ ခေါ်ယူမည်ဖြစ်ကြောင်းနှင့် အဆိုပါ အခြေအနေများကို တစ်ဖက်နိုင်ငံနှင့် ညှိ နှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် လတ်တလော အချက်အလက်များအရ လူဦးရေ ၃၀၀၀ ခန့်ရှိပြီး ၎င်းတို့နှင့်ပတ်သက် ၍ ပြီးခဲ့သည့် သြဂုတ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ လာရောက်ချိန်တွင် နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်ထားရာ လတ်တလောတွင် ICRC နှင့်ပူးပေါင်း၍ လူသားချင်းစာနာမှု အကူအညီပေးရန် စတင်ဆွေးနွေးနေကြောင်းနှင့် စက်တင်ဘာလအတွင်းက ICRC၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများထံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါများနှင့် လိုအပ်သည့် ကျန်းမာရေး လုပ်ငန်းများ စိစစ်ရန်လည်း ဆောင်ရွက်ထားကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်း များတွင် ဆေးပေးခန်းများ ပြင်ဆင်ထားပြီး ကျန်းမာရေး ဝန်ထမ်းများကို အလှည့်ကျတာဝန် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် မောင်တောဒေသ အတွင်းသို့ တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရန် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေး စခန်းများနှင့် လှဖိုးခေါင်ကြားစခန်းတို့၌ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်ထားကြောင်းနှင့် ဇူလိုင်လအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီး ဌာနမှူးတို့နှင့်အတူ ပူးပေါင်းလိုက်ပါပြီး မောင်တောဒေသ အတွင်းရှိ ပြန်လည်လက်ခံရေး စခန်းများ၊ ကြားစခန်းနှင့် ပြန်လည်နေရာချထားပေးမည့် နေရာများသို့ ကွင်းဆင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“ပြန်လည်လက်ခံရေး စခန်းတွေအပြင် အခုကြားစခန်းတွေမှာပါ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်။ အခု လှဖိုးခေါင်ကြားစခန်းမှာဆိုရင် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် ကိုယ်ဝန်ဆောင် မိခင်တွေ မီးဖွားနိုင်ဖို့ သားဖွားခန်းတွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ထားတယ်။ စခန်းတွေအတွက် ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အလှည့်ကျပုံစံနဲ့ တာဝန်ချထားပေးမယ်။ နောက် ရေကောင်း ရေသန့်ရဖို့တွေ၊ အိမ်သာနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိဖို့ အတွက်လည်း ပြင်ဆင်ထားပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာသန်းထွန်းအောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဆေးရုံနှင့် ကျန်းမာရေး ဌာနများအားလုံး၌ မည်သူမဆို ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူနိုင်ကြောင်း၊ ဆေးကုသမှုခံယူသူများ လုံခြုံမှုရှိစေရန် ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ဆေးရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးဌာနများ အားလုံးကို ‘အကာအကွယ် ပေးထားသည့် နယ်မြေ’ များအဖြစ် သတ်မှတ်ထားပြီး ရခိုင်၊ ဘင်္ဂါလီ၊ အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များထောင်ကာ အသိပေးထားသည်။
တစ်ဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူများအား နိုဝင်ဘာ ၁၅ ရက်မှစ၍ တစ်ရက်လျှင် လူဦးရေ ၁၅၀ နှုန်းဖြင့် လူပေါင်း ၂၂၆၀ ကျော်ကို ပထမအသုတ် အနေဖြင့် ပြန်လည်လက်ခံမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကုဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်း ၇၈ ဦးကို ထပ်မံခန့်ထားကြောင်း ဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
