မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိတံတားများကို မီးရထားဝန်ထမ်းများ စစ်ဆေးလျက်ရှိပြီး၊ စစ်ဆေးချက်အရ ယနေ့ စက်တင်ဘာ (၁၂)ရက်နေ့အထိရထားများအန္တရာယ် ကင်းစွာဖြင့် သွားလာနိုင်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထားသည်။
နိုင်ငံအဝန်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ ယင်းအတွက် မော်လမြိုင်-ရန်ကုန်
လမ်းပိုင်းအတွင်း မိုးများလျှင် ရေကျော်မြဲဖြစ်သည့် ဒုံဝန်းဘူတာ နှင့် နှင်းပုလဲဘူတာကြားရှိ ရထားလမ်းပိုင်းတံတားများအား မြန်မာ့မီးရထားဝန်ထမ်းများက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယခုချိန်ထိ ရထားများအန္တရာယ် ကင်းရှင်းစွာဖြင့် ဖြတ်သန်းနိုင်ကြောင်း အသိပေးထားသည်။
ယနေ့ စက်တင်ဘာ(၁၂)ရက်တွင် မော်လမြိုင်မှ ထွက်ခွာသော အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာမှ (၈)နာရီခွဲအချိန်မှန်ထွက်ခွာသွားပြီး၊ မော်လမြိုင်ဘူတာကြီးမှ ခရီးသည်ဦးရေ (၂၉၀)ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
ယမန့်နေ့ စက်တင်ဘာ (၁၁)ရက်က ပျော်ဘွယ်မြို့အနီး ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်ရှိ တံတားတစ်စင်းအား ထိန်းကွပ်ထားသည့် သံဘောင်တစ်ခုမှာ ရေတိုက်စားမှုကြောင့်ပြုတ်ထွက်သွားသည့်အတွက် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ယာယီရပ်နားထားရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
