မန်ယူအသင်းတွင် နှစ်ကြိမ်ကစားခဲ့ဖူးသည့် ၀ါရင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုက ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဆုဖလားရယူရန် ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု ဝန်ခံပြောကြားထားသည့် နည်းပြ အဲရစ်တန်ဟက်ဂ်၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်၏ ''Rio Ferdinand Presents'' YouTube Channel အတွက် အင်တာဗျူးပြုလုပ်စဉ် ရော်နယ်လ်ဒိုက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအစီအစဉ်ကို စက်တင်ဘာ ၁၂ ရက်တွင် ထုတ်လွှင့်ပြသခဲ့ပြီး ရော်နယ်လ်ဒိုက ၎င်းအနေဖြင့် မန်ယူအသင်းကို ချစ်မြတ်နိုးဆဲဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။
''နည်းပြ (တန်ဟက်ဂ်) က သူတို့အနေနဲ့ လိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူးလို့ ပြောတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြတစ်ယောက်အနေနဲ့ လိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူးလို့ ပြောလို့မရပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော်တို့မှာ အလားအလာမရှိဘူးလို့ ပြောလို့ရပေမဲ့ မလုပ်နိုင်ဘူးလို့တော့ မပြောရပါဘူး။ ကျွန်တော်တို့ ကြိုးစားရမယ်။ ခင်ဗျားကြိုးစားရမယ်။ မန်ချက်စတာအတွက် ကျွန်တော့်ရဲ့ဆန္ဒက တတ်နိုင်သမျှ အကောင်းဆုံးအသင်း ဖြစ်စေချင်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ဆန္ဒပါ။ ဒီအသင်းကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်က အတိတ်ကို မေ့သွားတတ်တဲ့လူမျိုး မဟုတ်ပါဘူး'' ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် မန်ယူအသင်းပူးတွဲပိုင်ရှင်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်အနေဖြင့် အောက်ခြေမှစ၍ အရာအားလုံး ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း ရော်နယ်လ်ဒိုက ဆက်လက်ပြောကြားသည်။
''ကျွန်တော့်အမြင်အရတော့ အရာအားလုံးကို ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ အသင်းအနေနဲ့ ပြန်လည်တည်ဆောက်ဖို့ အချိန်လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲမှာ တစ်သင်းအဖြစ် ပါဝင်နေဆဲဖြစ်လို့ပါ။ ဒါပေမဲ့ အပြောင်းအလဲလုပ်ဖို့ သူတို့အချိန် လိုအပ်ပါတယ်။ အဲဒါက တစ်ခုတည်းသော နည်းလမ်းဆိုတာ သူတို့နားလည်ပါတယ်။ အဲဒါကြောင့် သူတို့က အပြောင်းအလဲတွေ စလုပ်လာပြီး အသင်းရဲ့ဖွဲ့စည်းပုံ၊ အခြေခံ အဆောက်အအုံနဲ့ အရာအားလုံးကို ထပ်ပြီး ပြောင်းလဲမယ့်ပုံစံ ပြထားတာပါ။ အသင်းပိုင်ရှင်တွေက လေ့ကျင့်ရေးကွင်းကို ရင်းနှီးမြှုပ်နှံမှုလုပ်နေပါတယ်။ အဲဒီအတွက် ကျွန်တော် ဝမ်းသာပါတယ်။ အနာဂတ်က တောက်ပနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့က အရည်အချင်းအပေါ်ပဲ မူတည်ပြီး လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ အောက်ခြေကနေ ပြန်လည်တည်ဆောက်ရမှာပါ။ အဲဒီလိုမဟုတ်ဘူးဆိုရင် သူတို့ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် မဖြစ်နိုင်ပါဘူး'' ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
