Top News

စပါးနှင့်ပွဲတွင် အာဆင်နယ် အဝေးကွင်းဝတ်စုံသာ ဝတ်ဆင်ရမည်
24htopnews | September 12, 2024 7:12 PM CST

အာဆင်နယ်အသင်းသည် စပါးအသင်းနှင့်ကစားမည့် ယခုတစ်ပတ်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် အဝေးကွင်းဝတ်စုံကိုသာ ဝတ်ဆင်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် အဝေးကွင်း၌ ကစားရသော်လည်း ပြိုင်ဘက်အသင်းနှင့် အရောင်မတူပါက ဧည့်သည်အသင်းများအနေဖြင့် အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ကစားခွင့်ရနေသည်။

ထို့ကြောင့် စပါးနှင့် ယှဉ်ပြိုင်ခဲ့သည့် လန်ဒန်ဒါဘီအဝေးကွင်းပွဲများတွင် အာဆင်နယ်အသင်းအနေဖြင့် အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ကစားခွင့်ရခဲ့သည်။

သို့သော် ယခုရာသီ အာဆင်နယ်အသင်း၏ အိမ်ကွင်းဝတ်စုံမှာ အနီရောင်အဓိကဖြစ်သော်လည်း အဖြူရောင်များစွာ ပါဝင်သည့်အတွက် စပါးအသင်းဝတ်စုံနှင့် ရောထွေးမှုရှိနိုင်သောကြောင့် အဝေးကွင်းဝတ်စုံသာ ဝတ်ဆင်ရန် ပရီးမီးယားလိဂ်ဒိုင်လူကြီးများအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

စပါးအသင်းအနေဖြင့်လည်း အာဆင်နယ်နှင့်အဝေးကွင်းပွဲတွင် အဝေးကွင်းဝတ်စုံဝတ်ရမည်ဖြစ်သည်။


READ NEXT
Cancel OK