Top News

ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ရီးယဲလ်နှင့် ဆုံတွေ့လိုဟု စီရီဇို ဆို
24htopnews | September 12, 2024 7:12 PM CST

အက်သလက်တီကိုဥက္ကဋ္ဌ စီရီဇိုက ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းနှင့်တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၃)ကြိမ် တက်ရောက်ဖူးသော်လည်း (၃) ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။

အက်သလက်တီကိုအသင်းသည် ၁၉၇၄ တွင်  ဘိုင်ယန်မြူးနစ်၊ ၂၀၁၄ နှင့် ၂၀၁၆တို့တွင် ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သို့ သော် စီရီဇိုက ယခုရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းနှင့် တတိယအကြိမ် တွေ့ဆုံလိုကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

စီရီဇိုက ''ရီးယဲလ်နဲ့ နောက်ထပ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ခု ထပ်ကစားချင်ပါတယ်။ ချန်ပီယံလိဂ်ရာသီသစ်က စတင်တော့မှာဖြစ်ပြီး ကျွန်တော်တို့ အောင်မြင်မှုရအောင် လုပ်ဆောင်ရမယ့်ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ (၄)ကြိမ်မြောက်မှာ ကံကောင်းမှုတွေ ရှိမှာပါ။ ပြိုင်ပွဲပုံစံသစ် နဲ့ ချန်ပီယံလိဂ်က ပိုဆွဲဆောင်မှု ရှိလာမှာပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK