ရီးယဲလ်မက်ဒရစ်အသင်းသည် ဘောလုံးသမိုင်း၏အကောင်းဆုံးကလပ်ဖြစ်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒိုက မှတ်ချက်ပြုခဲ့ပြီး ရီးယဲလ်အသင်းတွင် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ အောင်မြင်လိမ့်မည်ဟုလည်း သုံးသပ်ခဲ့သည်။
လူမှုကွန်ရက်တွင် ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကံကြမ္မာကောင်းရလေ့ရှိသည်ဟု ပြောဆိုမှုများလည်း အမြဲထွက်ပေါ်ခဲ့သည်။
သို့သော် စီရော်နယ်လ်ဒိုက ယင်းသုံးသပ်မှုများကို လက်မခံဘဲ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
''ရီးယဲလ်မက်ဒရစ်လား၊ UCL မှာ သူတို့ ကံကောင်းလေ့ရှိတယ်လို့ လူတွေက ပြောကြတယ်။ ဒါက မဟုတ်ပါဘူး။ သူတို့ ကံမကောင်းပါဘူး။ သူတို့ဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကလပ် ဖြစ်နေလို့ပါပဲ။ အဲဒီမှာ ကစားခွင့်ရခဲ့လို့ ကျွန်တော် အရမ်းပျော်ခဲ့ရပါတယ်။ ကလပ်ရဲ့ဂိုးသွင်းအများဆုံးလည်း ဖြစ်လာခဲ့တယ်။ ချန်ပီယံလိဂ်ဖလား လေးကြိမ်လည်း ရခဲ့တယ်။ ဘာနေဗျူးမှာတော့ ဒါဟာ ကွဲပြားခြားနားတဲ့ ရောင်ဝါလက္ခဏာတစ်ခုပါပဲ''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
အသက် (၃၉)နှစ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုသည် ရီးယဲလ်အသင်းအတွက် ပွဲပေါင်း (၄၃၈)ပွဲ ကစားခဲ့ရာတွင် ဂိုး(၄၅၀) သွင်းယူခဲ့ပြီး အနီးကပ်ဆုံး ဘန်ဇီမာထက် (၉၄)ဂိုးအထိ ပိုများခဲ့သည်။
၎င်းအနေဖြင့် ရီးယဲလ်အသင်းတွင် ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၅)လုံးအထိ ဆွတ်ခူးနိုင်ခဲ့သည်။
ရီးယဲလ်တိုက်စစ်မှူးသစ် ဘာပေနှင့် ပတ်သက်ပြီး စီရော်နယ်လ်ဒိုက ''ကိုင်လီယန်(အမ်ဘာပေ)ဟာ ရီးယဲလ်အသင်းမှာ အရမ်းကောင်းလာလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ကလပ်အသင်းတည်ဆောက်ပုံက အရမ်းကောင်းပြီး ခိုင်မာတောင့်တင်းပါတယ်။ သူတို့မှာ ထူးချွန်တဲ့ နည်းပြနဲ့ ဥက္ကဋ္ဌလည်း ရှိပါတယ်။ အဲဒီမှာ သူအရမ်းကောင်းလာမှာ အသေအချာပါပဲ''ဟု သုံးသပ်ခဲ့သည်။
Ballon d'Or ဆုကို (၅)ကြိမ်အထိ ဆွတ်ခူးထားသည့် စီရော်နယ်လ်ဒိုက အနာဂတ်ဆုအတွက် အလားအလာရှိသူ အများအပြားရှိနေကြောင်း မှတ်ချက်ပြုခဲ့သည်။
''ကိုင်လီယန်အမ်ဘာပေလည်း လာမယ့်နှစ်အနည်းငယ်အတွင်းမှာ Ballon d'Or ဆု ရနိုင်ပါတယ်။ ဟာလန်းနဲ့ ဘယ်လင်ဂမ်တို့လည်း ဖြစ်နိုင်ပါတယ်။ ယမားလ်လည်း အတူတူပါပဲ။ ဒီမျိုးဆက်သစ်တွေက အလားအလာအများကြီးရှိတယ်လို့ ကျွန်တော် ယူဆပါတယ်''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
ထို့ပြင် မန်ယူအသင်းနှင့်ပတ်သက်ပြီး စီရော်နယ်လ်ဒိုက ''ဒီကလပ်ကို ပြုပြင်တည်ဆောက်ဖို့ အချိန်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲကတစ်သင်း ဖြစ်နေလို့ပါ။ ဒါပေမဲ့ သူတို့ အပြောင်းအလဲလုပ်ဖို့ လိုပါတယ်။ သူတို့ ဒါကို နားလည်မှာပါ။ ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ။ အောက်ခြေကစပြီး ပြန်လည်တည်ဆောက်ရမယ်။ မလုပ်ခဲ့ရင်တော့ မေဂျာဖလားတွေကို စိန်ခေါ်ဖို့ မဖြစ်နိုင်ပါဘူး'' ဟု မှတ်ချက်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
