ထိုင်းနိုင်ငံတွင် ၂၀၁၈ ခုနှစ်က လူငယ်ဘောလုံးအသင်းနှင့်အတူ ဂူထဲတွင် သီတင်း သုံးပတ်နီးပါးကြာပိတ်မိခဲ့ဖူးသည့် အသင်းနည်းပြဖြစ်သူ အက်ခ်ကာဖန်ချန်တာဝေါင်သည် ယခုအကြိမ်တွင် ထိုင်း၌ရေလွှမ်းမိုးမှုများကြောင့် ၎င်း၏နေအိမ်ခေါင်မိုးပေါ်သို့ တက်ပြီး ရေဘေးဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည်။
မယ့်ဆိုင်ခရိုင်ရှိ ၎င်း၏နေအိမ်တွင် ရေဘေးနှင့်ရင်ဆိုင်ခဲ့ရချိန်တွင် ၂၀၁၈ ခုနှစ်က “တောဝက်များ” အမည်ရှိ ဘောလုံးအသင်းနှင့်အတူ ဂူထဲတွင်ပိတ်မိခဲ့သည့် အတွေ့အကြုံကို သတိရမိကြောင်း အက်ခ်ကာဖန်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အင်အားပြင်းထန်သည့် တိုင်ဖွန်းယာဂီမုန် တိုင်းတိုက်ခတ်မှုကြောင့် မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီး ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများဖြစ်ပွားနေသည်။
အက်ခ်ကာဖန်၏ ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းကတည်းက ရုတ်တရက် ရေကြီးခဲ့ခြင်းဖြစ်ပြီး သူနှင့်သူ့မိသားစုသည် ဘေးလွတ်ရာထွက် ပြေးချိန်မရခဲ့ကြောင်း အက်ခ်ကာဖန်က အေအက်ဖ်ပီသတင်းဌာကို ဖုန်းဖြင့် ပြောကြားခဲ့သည်။
ရေများသည် လျင်မြန်စွာမြင့်တက်လာခဲ့သဖြင့် သူသည် သူ့ချစ်သူ၊ သူ့အဒေါ်တို့နှင့်အတူ စက်တင်ဘာ ၁၀ ရက် တစ်ညလုံး ခေါင်မိုးပေါ်တက်ပြီး ရေဘေးရှောင်ခဲ့ရသည်ဟုဆိုသည်။
ရေများပြန်ကျသွားချိန်တွင် အက်ခ်ကာဖန်သည် ၎င်းနေအိမ်၏ မြေညီထပ်သို့ ပြန်ဆင်းနိုင်ခဲ့သော်လည်း အိမ်အပြင်တွင် ရေစီးကြမ်းနေသဖြင့် နေအိမ်အတွင်းမှ မထွက်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
