ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ စစ်တောင်းမြစ်ရေမှာ တောင်ငူမြို့၏ စိုးရိမ်ရေအမှတ် အထက် ၆၀၀ စင်တီမီတာအထက်သို့ ကျော်လွန် ရောက်ရှိလာခဲ့ပြီး စစ်တောင်းမြစ်ဖြတ်သန်းစီးဆင်းရာ မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း သိရသည်။
စစ်တောင်းမြစ်ရေမှာ စက်တင်ဘာ ၁၂ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ တောင်ငူမြို့၏ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက် ၆၅၆ စင်တီမီတာ(နှစ်ပေခန့်ကျော်လွန်) သို့ရောက်ရှိနေပြီး စစ်တောင်းမြစ်အနီး အနိမ့်ပိုင်းကျေးရွာများ၊ ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိနေသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တောင်ငူမြို့ခံပရဟိတတစ်ဦးက “စစ်တောင်းမြစ်ရေအခြေအနေ တိုးတာအရမ်းမြန်နေပါတယ်၊ စောင့်ကြည့်ရှာကယ် ပရဟိတများ၊ ရေပြင်ကယ်ဆယ်ရေးအတွက် အသင့်အနေအထားပြင်ဆင်ထားပါပြီ၊ အဖွဲ့လေးဖွဲ့ခွဲထားပါတယ်၊ တစ်ပြိုင်တည်း အမြန်ဆုံးကူညီပေးပါမယ် အနိမ့်ပိုင်းများ ကြိုတင်ရွေ့ပြောင်းထားကြပါ၊ ရှာဖွေကယ်ဆယ်ရေး များပြောတဲ့အတိုင်း လိုက်နာပေးကြပါ” ဟု ၎င်း၏ လူမှုကွန်ယက်တွက်ရေးသားထားသည်။
“တောင်ငူမြို့ပေါ်မှာ အားကောင်းတဲ့ပရဟိတအသင်းတွေရှိနေလို့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေနေ ပေမယ့် အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်ဘက်တွေ ကယ်ဆယ်ရေးတွေ မရောက်သေးလို့ ပိတ်မိတော များလာပါပြီ၊ ကြိုတွင် မကယ်ဆယ်ထားရင် ဒုတိယတပ်ကုန်းဖြစ်မှာစိုးရပါတယ်” ဟု တောင်ငူမြို့ခံ ပရိဟိတ တစ်ဦးကလည်း လူမှုကွန်ယက်တွင်ရေးသားထားသည်။
တောင်ငူမြို့၏စစ်တောင်းမြစ်ရေမှာ ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့ တစ်ရက်ထဲ၌ပင် ၆ နာရီအတွင်း ၆၄၈ စင်တီမီတာမှ ၆၅၆ စင်တီမီအထိ မြင့်တက်ကာ ၈ စင်တီမီတာ( ၄ လက်မခန့်) ပိုမိုမြင့်တက်ခဲ့ကြောင်း၊ တောင်ငူမြို့တွင် ယမန်နေ့က မိုးရေချိန် ၂.၉၅ လက်မနှင့် ယနေ့တွင် ၁. ၁၄ လက်မအထိ မိုးရွာသွန်းထား ကြောင်း၊ တောင်ငူမြို့ စစ်တောင်းမြစ်၏ မြစ်အောက်ဘက်ရှိ မဒေါက်မြို့၏ စစ်တောင်းမြစ်ရေမှာလည်း ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၀၇၀ စင်တီမီတာအထက် ၁၁၅၀ စင်တီမီတာ(၂ပေခွဲခန့် ကျော်လွန်) သို့ ရောက်ရှိနေပြီး မြစ်အောက်ရေ ထောက်နေကြောင်း၊ မြစ်ညှာအထက်ပိုင်း၌လည်း တိုင်ဖွန်းမုန်တိုင်း ယာဂီ၏ အကြွင်းအကျန်တိမ်တိုက်များ၏ မိုးအားကောင်းမှုကြောင့် ဖြစ်ပေါ်လာသော အထက်ပိုင်းရေစီးဆင်းလာမှု များကြောင့် နောက် ၂၄ နာရီအတွင်း လက်ရှိမြစ်ရေအမှတ်အထက် ၃၀ စင်တီမီတာ(တစ်ပေခန့်) ထပ်မံတိုးလာနိုင်ကြောင်း တောင်ငူမြို့နယ် မိုးဇလတာဝန်ရှိသူမှ ခန့်မှန်းထားကြောင်း သိရသည်။
လက်ရှိတွင် တောင်ငူခရိုင်အတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတအသင်းအဖွဲ့များက ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိသော တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ရေတာရှည်၊ ဖြူးမြို့နယ်တို့တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကာ ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းနေရာချထားရေး နှင့် သောက်သုံးရေ နှင့် အစားအသောက်များ ကူညိပံ့ပိုးနိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း ၊မိုးများရွာသွန်းပြီး မြစ်ရေကြီးခြင်း ချောင်းရေကြီးခြင်းကြောင့် သစ်ပင်ကြီးလဲကျ၍ လူထိခိုက်ဒဏ်ရာရရှိခြင်း၊ သီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်ပျက်စီးခြင်းများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
တောင်ငူခရိုင်၌ ယခုနှစ် မိုးရာသီတွင် မိုးဦးမှစတင်၍ မိုးကောင်းခဲ့ခြင်းကြောင့်ယခုတစ်ကြိမ်အပါအဝင် တောင်ငူမြို့၏စစ်တောင်းမြစ်ရေမှာ သုံးကြိမ်ထက် မနည်းရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်း မကြာခဏ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
ကိုဇော်ဝင်းချစ် (တောင်ငူ)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
