နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ သကြားစက်၊ ဆင်သေ၊ နှမ်းတော စသည့်ကျေးရွာတွင် ပိတ်မိနေသော ရာနှင့်ချီသည့် ဒေသခံများ ရှိနေသေးပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။
ယမန်နေ့က စတင်ခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပျဉ်းမနားမြို့နယ်၏ အရှေ့ဘက်ရှိ ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ၏ ခေါင်မိုးများအပေါ်နှင့်သစ်ပင်များအပေါ်တွင် ပိတ်မိနေသူများ ရာနှင့်ချီ၍ ရှိနေသေးကြောင်း လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားမှုများအရ သိရသည်။
ပျဉ်းမနားမြို့၏ အရှေ့ဘက် ဆင်ဖြူတောင်ခြေရင်းတွင် တည်ရှိသော အဝေရာဆည်၏ အနီးတစ်ဝိုက်မှ ဆင်သေကျေးရွာ၊ နှမ်းတောကျေးရွာ၊ စျေးကုန်းကျေးရွာ၊ သကြားစက်ကျေးရွာများတွင်လည်း ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် သစ်ပင်များပေါ်တွင် ပိတ်မိနေသူများ ရှိနေသေးကြောင်းလည်း လူမှုကွန်ယက်တွင် အကူအညီတောင်းခံထားမှုများအရ သိရသည်။
လက်တလောတွင် အဆိုပါကျေးရွာများတွင် ပိတ်မိနေသော ရာနှင့်ချီသည့် ရေဘေးသင့် ပြည်သူများအနေဖြင့် အစားအစာနှင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဝင်ရောက်သည့် ကျေးရွာများတွင် ရေစီးထဲ မျောပါသွားသူအချို့လည်း ရှိနေကြောင်း မိသားစုဝင်များ၏ လူမှုကွန်ယက်တွင် အကူအညီတောင်းခံနေမှုများအရ သိရသည်။
လက်ရှိတွင်လယ်ဝေးမြို့နယ်အတွင်း ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
