နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပိတ်မိနေသူများအနက် ၈၈၇ ဦးအား ရေလွတ်ရာ နေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိရာ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုများကြောင့် ပိတ်မိနေသည့် ကင်းသာလမ်းဆုံမှ ၂၉ ဦး၊ သာယာအေးမှ ၁၂ ဦး၊ ဆင်တဲကြီးရွာမှ ၄၁ ဦး၊ အောင်ဇေယျ၊ ဘုရင့်နောင်၊ ပိန်းတောမှ ၁၂ဝဦး၊ ရှောက်ကုန်းနှင့် ကင်းသာမှ ၅၀ ဦး၊ အနော်ရထာရပ်ကွက်မှ ၁၉ ဦး၊ နောင်သင်္ခါရွာသစ်မှ ၁၈ ဦး၊ မန်ကျည်းပင်၊ ဘုရင့်နောင်၊ ခုတင်(၁၀၀)ဆေးရုံ၊ ဓမ္မရိပ်သာမှ ၄၄၅ ဦး၊ ဘိုးဘွားရီပ်သာမှ ၃၅ ဦး၊ ကျည်တောင်ကန်နှင့် အောင်ပန်းကျေးရွာမှ ၁၈ ဦး၊ သာယာကုန်းကျေးရွာမှ ၈ ဦး၊ သရက်သမိန်ကျေးရွာမှ ၅၄ ဦး၊ ဘောဂသီရိကားကြီးဝင်းမှ ၉ ဦး၊ လယ်ဝေး၊ လက်ပံကုန်းကျေးရွာမှ ၈ ဦး၊ အောင်ဇမ္ဗူ(၄)လမ်းမှ ၂၁ ဦး၊ စုစုပေါင်း ရေဘေးသင့်ပြည်သူ ၈၈၇ ဦးအား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်သည်။
လက်ရှိတွင်လယ်ဝေးမြို့နယ်အတွင်း ယနေ့(စက်တင်ဘာ ၁၂ ရက်) နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့ ရေများဝင်ရောက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
