ဒီမိုကရက်တစ် သမ္မတလောင်းကာမ လာဟဲရစ်သည် ၎င်းင်း၏ပထမဆုံးသမ္မတ စ ကားစစ်ထိုးပွဲ၌ အသာရသောပုံစံကိုပြသခဲ့ခြင်းနှင့်အတူပြိုင်ဆိုင်မှုပြင်းထန်နေသော အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အခွင့် အရေးများ မြင့်တက်လာသည်ဟု မျှော်လင့်လျက် ၎င်းနှင့် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့်တို့ သည် စက်တင်ဘာ ၁၂ ရက်တွင် မဲဆွယ်စည်းရုံးရေးကို ပြန်လည်လုပ်ဆောင်လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စု တစ်ဝန်းကြည့်ရှုသူ ၆၇ သန်းရှိခဲ့သော ပြင်းထန်သည့် စကားစစ်ထိုးပွဲ၌ ဟဲရစ်က ထရန့်ကို ခံစစ် အနေအထားဖြစ်အောင်စွမ်းဆောင်ပြခဲ့ပြီး နောက်နှစ်ရက်အကြာတွင် ပြိုင်ဘက်နှစ်ဦးသည် နိုဝင်ဘာရွေး ကောက်ပွဲကို အဆုံးအဖြတ်ပေးမည့် အရေးပါသော ပြည်နယ်များကို ဦးတည်ထွက်ခွာခဲ့ကြသည်။
သို့ရာတွင် နိုင်ငံတစ်ဝန်း၌ မည်သူ့ကို မဲပေးရမလဲဆိုသည်ကို မဆုံးဖြတ်နိုင်ဖြစ်နေသော လူအနည်းငယ်က အဆုံးအဖြတ်ပေးလိမ့်မည့် အလွန်ပြင်းထန်သော ပြိုင်ပွဲတွင် ဒုတိယသမ္မတကာမလာဟဲရစ်၏ ထိမိသော စွမ်းဆောင်ချက်က ရွေးကောက်ပွဲကျင်းပရန် နှစ်လပင်မလိုတော့ချိန်တွင် ရေးကြီးသုတ်ပျာလုပ်ရမည့် အနေအထား ဟုတ်မဟုတ် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
အသက် ၅၉ နှစ်ရှိ ဟဲရစ်သည် စကား စစ်ထိုးပွဲတွင် အသာရခဲ့သော အရှိန်အဟုန်ကို အပိုင်အသုံးချရန် ကြိုးပမ်းသည့်အနေအဖြင့် စက်တင်ဘာ ၁၂ ရက်တွင် မြောက်ကာရိုလိုင်းနားပြည်နယ်သို့ သွားနေပြီး ရှားလော့ မြို့နှင့်ဂရင်းစ်ဘိုရိုမြို့တို့တွင် “ရှေ့သို့ချီမည့် လမ်းသစ်”ကို ကတိပြုမည့်စည်းရုံးရေးပွဲများ ကို ဆက်တိုက်ပြုလုပ်မည်ဖြစ်သည်။
ဟဲရစ်သည် မြောက်ကာရိုလိုင်းနားပြည် နယ်တွင် ထရန့် ခြောက်မှတ်အသာရနေခြင်းကို လွန်ခဲ့သောလက ချေဖျက်ခဲ့သည်။ ၎င်းသည် မြောက်ကာရိုလိုင်းနားပြည်နယ်တွင် အရေးပါသော လူမည်းမဲဆန္ဒရှင်များနှင့်လူ ငယ်မဲဆန္ဒရှင်များကို ဦးတည်စည်းရုံးမည်ဖြစ်သည်။
အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် အရီဇိုးနားပြည်နယ် တက်ဆွန်တွင် စည်းရုံးရေးဆင်းမည်ဖြစ်ကာ “မိမိတို့၏ရုန်းကန်နေရသော စီးပွားရေး”အ ကြောင်းကို ဟောပြောမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြင်း ထန်စွာ ပြိုင်ဆိုင်ခဲ့ရသော ပြည်နယ်တစ်ခု ဖြစ်သည့် အရီဇိုးနားပြည်နယ်တွင် ဂျိုးဘိုင် ဒင်သည် ထရန့်ကို မဲ ၁၀၀၀၀ ခန့်ဖြင့် အနိုင် ရခဲ့သောပြည်နယ်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၄ ရွေးကောက်ပွဲတွင်လည်း အရီဇိုးနား ပြည်နယ်သည် အကြိတ်အနယ်ပြိုင်ရမည့် ပြည်နယ်ဖြစ်လာမည်ဖြစ်သည်။
နယူူးယောက်၌ 9/11 တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့အခမ်းအနား(စက်တင်ဘာ ၁၁ ရက်)ကို ၎င်းင်းတို့နှစ်ဦးတက်ရောက် သည့် အခါ နှစ်ဦးစလုံး ဝေဖန်တိုက်ခိုက်မှု ယာယီ ရပ်ဆိုင်းထားပြီးနောက် တစ်ရက်အကြာတွင် ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေး သောပြည်နယ်များကို စည်းရုံးရေးဆင်းခဲ့ကြ ခြင်းဖြစ်သည်။
ဖီလာဒယ်လ်ဖီးယား စကားစစ်ထိုးပွဲ သည် ဟဲရစ်အတွက် လက်ခံနိုင်စရာကောင်း သော အားတက်စရာ တစ်ခုဖြစ်သည်ဆိုသော် လည်း ထရန့်ကမူ အဆိုပါစကားစစ်ထိုးပွဲသည် ၎င်း၏အကောင်းဆုံး စကားစစ်ထိုး ပွဲတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဟဲရစ်အသာမရခဲ့ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
