နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ကျေးရွာချင်းဆက် လမ်းနှင့်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ (၁၀) ရက်နှင့် (၁၁)ရက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းက ကျေးရွာချင်းဆက်တံတားများ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၊ရှားတောကျေးရွာနှင့် ညောင်ပင်သာကျေးရွာသို့ ဆက်သွယ်ထားသော အကျယ် (၁၄) ပေ၊ အလျားပေ (၂၀၀) ရှိ ရေကျော်ကွန်ကရစ်တံတားတွင် ညောင်ပင်သာဘက်ခြမ်း အလျား ပေ (၅၀) ခန့် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာနှင့် ရွှေမြိုကျေးရွာသို့ ဆက်သွယ်ထားသော စိန်ရွှေတံတား အကျယ် (၁၂) ပေခန့်၊ အရှည် ပေ (၁၂၀) ခန့်ရှိ သံဘောင်သစ်သားတံ တားလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
အလားတူ ပုဗ္ဗသီရိမြို့နယ်တွင်လည်း ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းက ဥယျာဉ်ကျေးရွာ ဆင်သေချောင်းကူးတံတားထိပ်ကွန်ကရစ် လမ်းနှင့် ဖွံဖြိုးရေးလမ်း၊ ဇီးကုန်းကျေးရွာ ဆင်သေတံတား ထိပ်နှစ်ဘက် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်ချင်းဆက် (သိုက်ချောင်း)အနီး မြို့ပတ်လမ်းနှင့် ဖွံ့ဖြိုးရေးလမ်း အကျ ယ် ပေ (၄၀)တံတားနှစ်စင်း၊ တံတားချဉ်းကပ်လမ်း (၁၅) ပေ ကျိုးပဲ့ခြင်း၊ ဇီးကုန်းကျေးရွာ ဆင်ေ-သတံတား ထိပ်နှစ်ဘက်ကျိုးခြင်း စသည့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
