နေပြည်တော်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ချောင်းရေများမြင့်တက်စီးဆင်းမှုကြောင့် နေရာအနှံ့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးကြုံတွေ့နေရသူများသည် ယာယီရေဘေးရှောင်စခန်းများနှင့်ဘုန်းတော်ကြီးကျောင်းများသို့ ရွေ့ပြောင်းနေထိုင်ကြရသည်။
ထိုသို့ ရွှေ့ပြောင်းနေထိုင်နေကြရသူများအနက် ရေဘေးသင့်ကျေးရွာ(၃)ရွာမှ ရေဘေးသင့်သူ (၃၀၀)ဦးခန့်သည် ဥပါတသန္တိဘုရားအနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ရေဘေးရှောင်များအဖြစ်ရောက်ရှိလာခဲ့ကြသည်။
အဆိုပါ ရောက်ရှိနေသည့် ရေဘေးသင့်သူများမ ရေဘေးရှောင်များသည် စားဝတ်နေရေးအခက် အခဲဖြစ်ပေါ်နေသဖြင့် “ဆုလာဘ်ပိုင်”မိသားစုမှ ကိုအောင်ဘိုဘိုနှင့်ဝန်ထမ်းများကသွားရောက်တွေ့ဆုံကာ လိုအပ်သည့်ကူညီမှုများကိုပြုလုပ်ပေးခဲ့ကြသည်။
“ဆုလာဘ်ပိုင်”မိသားစုမှ ရေဘေးရှောင်များအား နေ့စဥ် နံနက်စာ၊ နေ့လည်စာ၊ ညစာ၊ လိုအပ်သည့် ဆန်၊ ဆီ၊ စားစရာအပြည့်အစုံ၊ သောက်သုံးရေသန့်များကို လှူဒါန်းသွားမည်ဖြစ်ကာ ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
