ရုရှားပိုင်နက်အတွင်းပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ယူကရိန်းကို ထောက်ပံ့ပေးထားသော Storm Shadowတာဝေးပစ်ဒုံးကျည်များကို အသုံးပြုခွင့်ပေးရန် ဗြိတိန်က ဆုံးဖြတ်ချက်ချထားပြီးဖြစ်သော်လည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်း The Guardian သတင်းစာက ရေးသား ဖော်ပြခဲ့သည်။
ယင်းကိစ္စကို လူသိရှင်ကြားထုတ်ဖော်ပြောကြားလိုက်လျှင် နိုင်ငံတကာက ယင်းကိစ္စအပေါ် “မလိုအပ်ဘဲ ရန်စခြင်းဟု ယူဆလိမ့်မည်” ဟုဆိုလာကြမည်ဟူ၍ အမည်မဖော်လိုသည့် သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
စက်တင်ဘာ ၁၃ ရက်က ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer သည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ လူသိရှင်ကြားပြောရန် မဖြစ်နိုင်ကြောင်းကို The Guardian သတင်းစာက ဖော်ပြလာခြင်းဖြစ်သည်။
ရုရှားပိုင်နက်ကို တိုက်ခိုက်ရန်အတွက် ယူကရိန်းအနေဖြင့် ဗြိတိန်ဒုံးကျည်များကို အသုံးပြုခွင့်ရှိမရှိနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ယူကရိန်းနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andrey Kelin က ဇွန်လနှောင်းပိုင်းက ပြောကြားခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
