Top News

မန်စီးတီးအသင်းအား UEFA မှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းကို အာစင်ဝင်းဂါး ထောက်ခံ
24htopnews | September 12, 2024 11:12 PM CST

 

အာဆင်နယ်အသင်း၏ နည်းပြဟောင်း အာစင်ဝင်းဂါးက မန်စီးတီးအသင်းအား UEFA မှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းကို ထောက်ခံခဲ့ပြီး ကလပ်အသင်းတိုင်း ချမှတ်ထားသည့်စည်းမျဉ်းများကို လိုက်နာရမည်ဟု ပြောကြားခဲ့သည်။ 

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကပင် မန်စီးတီးအပါအဝင် ငွေကြေးအလွန်အကျွံသုံးစွဲသည့်အသင်းများကို ဝေဖန်ပြစ်တင်ခဲ့ဖူးသူဖြစ်သည်။ 

ယခုအခါ အာစင်ဝင်းဂါးက ''အားကစားဆိုတာ စည်းမျဉ်းတွေကို လေးစားလိုက်နာပြီး အနိုင်ယူရတာပါ။ အဲဒီလိုမှမဟုတ်ရင် စစ်မှန်တဲ့အားကစား မဖြစ်နိုင်ပါဘူး။ ကလပ်အသင်းတွေဟာ မှန်ကန်တဲ့ဝင်ငွေတွေနဲ့သာ အလုပ်လုပ်ရမှာပါ။ စည်းမျဉ်းကိုချိုးဖောက်ရင် အရေးယူခံရမှာပါပဲ''ဟု ပြောကြားခဲ့သည်။ 

သို့သော် အာစင်ဝင်းဂါးက ဘဏ္ဍာရေးစည်းမျဉ်းကို ယခုထက်ရှင်းလင်းပြတ်သားအောင် ပြုပြင်သင့်သည်ဟုလည်း ထောက်ပြခဲ့သည်။

 


READ NEXT
Cancel OK