- မန်စီးတီးအသင်းအနေဖြင့် UEFA ၏ ပြစ်ဒဏ်အပြင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ရမှတ်လျှော့ပြစ်ဒဏ်ကိုပါခံရဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ပရီးမီးယားလိဂ်အနေဖြင့် UEFA ကဲ့သို့ အလွန်တင်းကျပ်ခြင်းမရှိသဖြင့် ယင်းပြစ်ဒဏ်ကို အမှန်တကယ်ကျခံရရန်မှာ အခွင့်အလမ်းနည်းကြောင်း ဘောလုံးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။
- ထို့ပြင် ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းမှာ UEFAထက် များစွာသက်ညှာပြီး (၃)ရာသီအတွင်း ပေါင်(၁၀၅)သန်းအထိ အရှုံးပြမှုကို လက်ခံထားသလို၊ ယင်းအရှုံးငွေကိန်းဂဏန်းများမှာလည်း ကလပ်အသင်းများ၏ တင်ပြမှုကိုသာ ယုံကြည်စွာလက်ခံခြင်းဖြစ်ကြောင်း သိရှိရသည်။
- ဥရောပတွင် ထင်ရှားသည့် ချန်ပီယံဆုပယ်ဖျက်မှုမှာ ၂၀၀၄-၀၅ ရာသီက ဂျူဗင်တပ်စ်အသင်း၏ စီးရီးအေချန်ပီယံဆုကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ယင်းရာသီက ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေချန်ပီယံဖြစ်ခဲ့သော်လည်း လုပ်ပွဲအရှုပ်အထွေးပြဿနာကြောင့် အသင်းမှာ တန်းဆင်းခဲ့ရပြီး ၎င်းတို့၏ ၂၀၀၄-၀၅ ရာသီ ချန်ပီယံဆုကိုလည်း ပယ်ဖျက်ခဲ့ခြင်းဖြစ် သည်။
- နောက်ရာသီဖြစ်သည့် ၂၀၀၅-၀၆ ရာသီ ချန်ပီယံဆုကိုမူ ဒုတိယ နေရာရရှိသည့် အင်တာမီလန်အသင်းထံ လွှဲပြောင်းပေးအပ်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
