ရိုင်အိုလာက ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဆုဖလားများကို စိန်ခေါ်နိုင်ခြင်းမရှိပါက ထိပ်တန်းကစားသမားများမှာ မန်ယူသို့ ရောက်ရှိလာမည်မဟုတ်ဟုပြောကြားခဲ့ရာ ယင်းစကားအပေါ် မန်ယူအသင်းဒါရိုက်တာများကဒေါသထွက်ခဲ့ကြခြင်းဖြစ်သည်။
မန်ယူအသင်းဒါရိုက်တာအဖွဲ့ဝင်များသည် ပေါ့ဘာ၏ အနာဂတ်နှင့် ပတ်သက်၍ ပြောကြားခဲ့သော အေးဂျင့် ရိုင်အိုလာ၏စကားကို ဒေါသထွက်နေပြီးပေါ့ဘာအတွက် ပြောင်းရွှေ့ ကြေးသတ်မှတ်မှုကို ထပ်မံလျှော့ချလိုက်ကြောင်း သိရှိရသည်။
ရိုင်အိုလာက ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဆုဖလားများကို စိန်ခေါ်နိုင်ခြင်းမရှိပါက ထိပ်တန်းကစားသမားများမှာ မန်ယူသို့ ရောက်ရှိလာမည်မဟုတ်ဟုပြောကြားခဲ့ရာ ယင်းစကားအပေါ် မန်ယူအသင်းဒါရိုက်တာများကဒေါသထွက်ခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင်ပေါ့ဘာသည် လာမည့် နွေရာသီတွင် မန်ယူအသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း ရိုင်အိုလာက အီတလီမီဒီယာများကို ပြောကြားခဲ့ပြီး ၎င်းကိုအလိုရှိသည့်အသင်းများစွာရှိကြောင်း ဆိုခဲ့သည်။ ပေါ့ဘာ၏ အပြောင်းအရွှေ့အတွက် သူ၏အသင်းဟောင်းဖြစ်သည့် ဂျူဗင်တပ်စ် အသင်းဒုဥက္ကဋ္ဌနက်ဗက်နှင့်လည်း မိမိတွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်းလည်း ရိုင်အိုလာက ပြောကြားခဲ့သည်။
ယခုအခါမန်ယူအသင်းတာဝန်ရှိသူများသည် ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်မှုကို ထပ်မံလျှော့ချလိုက်ပြီး ၎င်းအားယူရို သန်း(၁၀၀)ရရှိလျှင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ပြီး ခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်း နှင့်ဂျူဗင်တပ်စ်အသင်းတို့ကပေါ့ဘာအားခေါ်ယူလိုသော်လည်း မန်ယူအသင်းက ပြောင်းရွှေ့ကြေးကို ပေါင် သန်း (၁၈၀)အထိ သတ်မှတ်ခဲ့၍ အပြောင်းအရွှေ့မှာ ဖြစ်ပေါ်မလာခဲ့ ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
