ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၈ ဇန်နဝါရီက ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကြေးပေါင် (၅၆)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်းအားခေါ်ယူရန် စပိန်ကလပ်အသင်းကြီးဖြစ်သည့် ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေသည်။ ယခုစီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း ၎င်းကိုလာမည့်နွေရာသီတွင်ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်အသင်းစာ Mirror ကဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ဥရောပအသင်းကြီးများခေါ်ယူရန် ပစ်မှတ်ထားနေသော ၎င်းင်းတို့၏တိုက်စစ်မှူး အူဘာမီယန်းအား လာမည့်နွေရာသီတွင် ပေါင်သန်း (၇၀)ရရှိလျှင် ရောင်းထုတ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Express ကဖော်ပြခဲ့သည်။
ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၈ ဇန်နဝါရီက ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကြေးပေါင် (၅၆)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး ၎င်းအားခေါ်ယူရန် စပိန်ကလပ်အသင်းကြီးဖြစ်သည့် ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေသည်။ ယခုစီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း ၎င်းကိုလာမည့်နွေရာသီတွင်ခေါ်ယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗြိတိန်အသင်းစာ Mirror ကဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်မှ ကစားသမားများဖြစ်သည့် လူကာကူ၊ ဆန်းချက်ဇ်၊ အဲရစ်ဆင်၊ အက်ရှ်လေယန်း၊ မိုဆက်စ် အစရှိသူ တို့ကို ခေါ်ယူထားသော အင်တာမီလန် အသင်းနည်းပြ ကွန်တီသည် နောက်ထပ်ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သည့် အူဘာမီယန်း (၃၀ နှစ်)ကို ပစ်မှတ်ထားနေ ကြောင်း Mirror ကဖော်ပြခဲ့သည်။
အူဘာမီယန်းသည် အာဆင်နယ်၌စာချုပ်သက်တမ်း (၁)နှစ်ခွဲသာ ကျန်ရှိတော့ပြီး ၎င်းကချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတွင် ကစားလိုသည်ဟု ဝန်ခံထားဖူးသည်။ ထို့ ပြင်အူဘာမီယန်းသည် အာဆင်နယ်အသင်း၏ စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှု ကိုလည်း ငြင်းဆန်ထားကြောင်း သိရှိ ရသည်။ အူဘာမီယန်းသည် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ(၉၂)ပွဲကစား ကာ (၅၇)ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်