မော်ရိုကိုလက်ရွေးစင် တောင်ပံကစားသမား ဇီယာ့ရှ် (၂၆ နှစ်) ၏ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနှင့် အေဂျက်စ် နှစ်သင်းစလုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် အတည်ပြုခဲ့ကြပြီး ကနဦးပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ (ပေါင် ၃၃ ဒသမ ၃ သန်း) ပေးချေရမည်ဖြစ်သလို add-ons ကြေးများပါဝင်ပါက ယူရို ၄၄ သန်း အထိ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ယခုရာသီကုန်အထိ အေဂျက်စ်အသင်း၌သာ ဆက်ကစားမည်ဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့စတင်ချိန်မှသာ ချယ်လ်ဆီးအသင်းသို့ တရားဝင် ရောက်ရှိလာမည်ဖြစ်သည်။ ဇီယာ့ရှ် သည် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်အတွက် ပထမဆုံး ကစားသမားခေါ်ယူမှုလည်းဖြစ်လာခဲ့သည်။
ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က နွေရာသီတွင်ရောက်ရှိ လာမည့် ကစားသမားသစ် ဇီယာ့ရှ် ကို ချီးကျူးခဲ့ပြီး အဆုံးသတ်ပိုင်းလို အပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်သူ ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရပြီး အယူခံအောင်မြင်သောကြောင့် ဇန်နဝါရီတွင် ပြန်လည်ခေါ်ယူခွင့်ရသော်လည်း တစ်ဦးမှခေါ်ယူနိုင်ခဲ့ခြင်းမရှိဘဲ လာမည့်နွေရာသီတွင်မူ အေဂျက်စ်အသင်းတောင်ပံကစားသမား ဇီယာ့ရှ်ကိုခေါ်ယူရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
မော်ရိုကိုလက်ရွေးစင် တောင်ပံကစားသမား ဇီယာ့ရှ် (၂၆ နှစ်) ၏ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနှင့် အေဂျက်စ် နှစ်သင်းစလုံးက ဖေဖော်ဝါရီ ၁၃ ရက်တွင် အတည်ပြုခဲ့ကြပြီး ကနဦးပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ (ပေါင် ၃၃ ဒသမ ၃ သန်း) ပေးချေရမည်ဖြစ်သလို add-ons ကြေးများပါဝင်ပါက ယူရို ၄၄ သန်း အထိ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။ ၎င်းအနေဖြင့် ယခုရာသီကုန်အထိ အေဂျက်စ်အသင်း၌သာ ဆက်ကစားမည်ဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့စတင်ချိန်မှသာ ချယ်လ်ဆီးအသင်းသို့ တရားဝင် ရောက်ရှိလာမည်ဖြစ်သည်။ ဇီယာ့ရှ် သည် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်အတွက် ပထမဆုံး ကစားသမားခေါ်ယူမှုလည်းဖြစ်လာခဲ့သည်။
၎င်းအားခေါ်ယူရန် အတည်ပြုကြေညာနိုင်ပြီးနောက် လမ်းပတ်က "သူက အရမ်းတော်တဲ့ကစားသမားဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်မျက်လုံးထဲမှာ သူ့ကိုစပြီး သတိထားမိတာက ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ။ သူက အေဂျက်စ်အသင်းရဲ့ ထူးခြားတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး တော့တင်ဟမ်နဲ့ကစားတဲ့ (ဆီမီးဖိုင်နယ်) ပွဲမှာ သူကစားတာ တော်တော်ကောင်းခဲ့ပါတယ်။ ဒီရာသီမှာ အေဂျက်စ်အသင်းနဲ့ နှစ်ကြိမ်ကစားခဲ့ရတော့ သူ့အကြောင်းကို ပိုသိခွင့်ရလာတယ်။ သူ့ရဲ့အရည်အသွေးကိုလည်း ကျွန်တော်သိပါတယ်။ သူ့ဆီမှာ အရမ်းကောင်းတဲ့ ဘယ်ခြေတစ်ချောင်းရှိပြီး ညာတောင်ပံမှာ ကစားနိုင်သလို နောက်ချန်တိုက်စစ်ပုံစံမျိုးလည်း ကစားနိုင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့အသင်းကိုကြည့်ရင် ပြိုင်ဘက်ရဲ့ နောက်ဆုံးတံခါးကိုဖွင့်နိုင်ဖို့ ရုန်းကန်နေရတဲ့ပွဲတွေကို မြင်ကြမှာပါ။ သူက ကျွန်တော်တို့အတွက် ဖန်တီးမှုတွေနဲ့ ကွဲပြားခြားမှုတွေ ယူဆောင်ပေးလာမယ့်သူလို့ မျှော်လင့်ပါတယ်။ သူက ဂိုးသွင်းနိုင်သလို ဖန်တီးမှုလည်း ကောင်းကောင်းလုပ်နိုင်သူပါ။ အခုအချိန်မှာ သူမရောက်လာသေးပေမဲ့ လာမယ့်ရာသီမှာ ကျွန်တော်တို့ကစားသမားဖြစ်လာတော့မယ်ဆိုတာ ပရိသတ်တွေအတွက်လည်း စိတ်လှုပ်ရှားစရာဖြစ်မှာပါ" ဟု ပြောကြားခဲ့သည်။
ဇီယာ့ရှ်သည် ယခုရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲတွင် ခြောက်ဂိုးသွင်းယူကာ ဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်