သို့ဖြစ်ရာ FIGC က တင်းနစ်နှင့် ခရစ်ကတ်ကဲ့သို့ အခြားအား ကစားနည်းများတွင် ဆုံးဖြတ်ချက်ကို သဘော မတူပါက Challenge ပြုလုပ်ခွင့်ပေးသည့် စနစ် အသုံးပြုခွင့်ရရန် FIFA ထံ တောင်းဆို ထားခြင်းဖြစ်သည်။ ယင်းစနစ်အရ ကလပ် အသင်းများအနေဖြင့် ကွင်းအတွင်းရှိ ဒိုင်များ ၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိပါက Challenge လုပ်၍ ကန့်ကွက်ခြင်း နှင့် VAR ဖြင့် ကြည့်ရှု၍ အဆုံးအဖြတ်ခံယူ ရန် တောင်းဆိုခြင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) သည် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ကလပ် အသင်းများက ကန့်ကွက်ခြင်းနှင့် VAR ဖြင့် အဆုံးအဖြတ်ခံယူရန်အတွက် တောင်းဆို ခွင့်ပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
စီးရီးအေပြိုင်ပွဲ၌ VAR စနစ်ကို ၂၀၁၇- ၂၀၁၈ ရာသီကတည်းက စတင်အသုံးပြုခဲ့ ခြင်းဖြစ်ပြီး ယခုအချိန်တွင် သုံးရာသီရှိပြီဖြစ်သည်။ သို့သော် ကလပ်အသင်းနည်းပြများ ၏ ဝေဖန်မှုများထွက်ပေါ်နေဆဲဖြစ်ပြီး ၎င်းတို့အနေဖြင့် ကွင်းလယ်ဒိုင်၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကိုမကျေနပ်ပါက VAR ဖြင့် ပြန်လည်ကြည့်ရှုခွင့်ပြုရန် တောင်းဆိုခွင့်ရရှိ လိုနေကြောင်း သိရသည်။
သို့ဖြစ်ရာ FIGC က တင်းနစ်နှင့် ခရစ်ကတ်ကဲ့သို့ အခြားအား ကစားနည်းများတွင် ဆုံးဖြတ်ချက်ကို သဘော မတူပါက Challenge ပြုလုပ်ခွင့်ပေးသည့် စနစ် အသုံးပြုခွင့်ရရန် FIFA ထံ တောင်းဆို ထားခြင်းဖြစ်သည်။ ယင်းစနစ်အရ ကလပ် အသင်းများအနေဖြင့် ကွင်းအတွင်းရှိ ဒိုင်များ ၏ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိပါက Challenge လုပ်၍ ကန့်ကွက်ခြင်း နှင့် VAR ဖြင့် ကြည့်ရှု၍ အဆုံးအဖြတ်ခံယူ ရန် တောင်းဆိုခြင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ Challenge ပြုလုပ် ခွင့်ပေးရန် ကလပ်အသင်းအများစုက FIFA ထံ တောင်းဆိုထားခြင်းဖြစ်ပြီး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) က ပြဋ္ဌာန်းထားသည့် အချိန်သတ်မှတ်ချက် အတွင်း ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပတ်က နာပိုလီ-လက်ချီ၊ ပါးမား-လာဇီယိုပွဲများတွင် ကွင်းလယ်ဒိုင်က ပယ်နယ်တီပေးရမည့်ဖြစ်ရပ်များကို ငြင်းပယ် ခဲ့ပြီးနောက် ဝေဖန်မှုများစွာထွက်ပေါ်လာသဖြင့် FIGC က FIFA ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် FIGC ဥက္ကဋ္ဌ ဂရာဗီနာ သည် ချန်ပီယံဆုတိုက်ပွဲကဲ့သို့ အရေးပါသည့် ပွဲများတွင် ကွင်းအတွင်းရှိ VAR ဖန်သားပြင် မှတစ်ဆင့် ကြည့်ရှုမှုပိုပြုလုပ်၍ ဆုံးဖြတ်ရန် အီတလီဒိုင်လူကြီးအဖွဲ့ဥက္ကဋ္ဌ ရစ်ဇိုလီထံ တောင်းဆိုထားကြောင်း သိရသည်။
ဘောလုံးဥပဒေများရေးဆွဲပြဋ္ဌာန်းသည့် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဘုတ်အဖွဲ့ (IFAB) ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ဖေဖော်ဝါရီ ၂၉ ရက်တွင် မြောက်အိုင်ယာလန်နိုင်ငံ ဘဲလ်ဖတ်စ်မြို့၌ ကျင်းပမည်ဖြစ်ပြီး VAR အပါအဝင် အခြားကိစ္စရပ်များအတွက် ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
