မြဝတီအသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ကစားသည့်ပွဲများအနက် ကချင်ယူနိုက်တက်အသင်းကို (၂-ဝ) ဂိုး၊ ငွေကြယ်ပွင့်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရ ခဲ့သောကြောင့် ဦးမောင်မောင်အေးက နည်းပြ ဆုရရှိခဲ့သည်။ အကောင်းဆုံးကစားသမား ဆုကို မြဝတီအသင်းတိုက်စစ်မှူး ကောင်းစည်သူကရရှိခဲ့ပြီး နှစ်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ကောင်းစည်သူသည် ကချင်ယူနိုက်တက်အသင်းအား အနိုင်ရသည့် အဖွင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီက ရွေးချယ်ချီးမြှင့်သည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၏ ဇန်နဝါရီ အတွက် လအလိုက် အကောင်းဆုံးဆုကို မြဝတီအသင်းနည်းပြချုပ် ဦးမောင်မောင်အေးနှင့် တိုက်စစ်မှူး ကောင်းစည်သူတို့က ရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီတွင် နှစ်ပွဲသာကျင်းပခဲ့သော်လည်း မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေ ဖြင့် လအလိုက် အကောင်းဆုံးဆုချီးမြှင့်ခဲ့ပြီး မြဝတီအသင်းက ဆုနှစ်ခုစလုံး ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီတွင်ကျင်းပသည့် ပွဲစဉ် များအနက် နှစ်ပွဲစလုံးအနိုင်ရသည့်အသင်း သုံးသင်းရှိသော်လည်း ဇယားထိပ်ဆုံးမှ Chinland နှင့် တတိယနေရာမှ Junior Lions အသင်းတို့ကိုကျော်ဖြတ်၍ မြဝတီအသင်းက အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။
မြဝတီအသင်းသည် ဇန်နဝါရီတွင် ယှဉ်ပြိုင်ကစားသည့်ပွဲများအနက် ကချင်ယူနိုက်တက်အသင်းကို (၂-ဝ) ဂိုး၊ ငွေကြယ်ပွင့်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရ ခဲ့သောကြောင့် ဦးမောင်မောင်အေးက နည်းပြ ဆုရရှိခဲ့သည်။ အကောင်းဆုံးကစားသမား ဆုကို မြဝတီအသင်းတိုက်စစ်မှူး ကောင်းစည်သူကရရှိခဲ့ပြီး နှစ်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ကောင်းစည်သူသည် ကချင်ယူနိုက်တက်အသင်းအား အနိုင်ရသည့် အဖွင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းဆုများကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပသည့် မြဝတီအသင်းနှင့် Chinland အသင်းတို့ပွဲ မတိုင်မီ ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ဆုတံဆိပ်နှင့် ဆုကြေးကျပ်တစ်သိန်း၊ အကောင်းဆုံးနည်းပြဆုကို ဆုတံဆိပ် နှင့် ဆုကြေးကျပ်ငါးသောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လအလိုက် အကောင်းဆုံးဆုများကို ၂၀၁၈ ခုနှစ်တွင် ပြန်လည်ချီးမြှင့်ခဲ့ပြီး MNL ပြိုင်ပွဲ အပြင် MNL-2 ပြိုင်ပွဲတွင်ပါ ပေးအပ်ချီးမြှင့် နေခြင်းဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ယခုရာသီတွင်လည်း လိဂ်နှစ်ခုစလုံး ချီးမြှင့်နေပြီး ဖေဖော်ဝါရီအတွက် အကောင်းဆုံးဆုများကို မတ်လဆန်းတွင် ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
