မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ သစ်ဆုံဆည်မှ ရေလွှတ်မည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်သည်ဟု ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့ စက်တင်ဘာ ၁၂ ရက်ညပိုင်းက အသိပေးထုတ်ပြန်ခဲ့သည်။
သစ်ဆုံဆည်မှ ရေလွှတ်မည်ဟု ကောလဟလသတင်းများထွက်ပေါ်နေသဖြင့် ပျော်ဘွယ်မြို့နယ်နေသူများစိတ်ပူပန်မှုဖြစ်ပေါ်နေ၍ ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဆည်မြောင်းဦးစီးဌာနသို့ဆက်သွယ်ကာ အတည်ပြုချက်ရယူပြီးနောက် မြို့နယ်အတွင်းနေသူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရန် ဆည်ရေလွှတ်မည်ဆိုခြင်းမှာ သတင်းမှားဖြစ်သည်ဟု အသိပေးခဲ့ခြင်းဖြစ်သည်။
” သစ်ဆုံဆည်က ရေတအားများနေတဲ့အတွက် ရေလွှတ်မယ်ဆိုပြီး သတင်းတွေထွက်နေတာ။ ရေကြီးနေရတဲ့ကြားထဲ ဆည်ကရေလွှတ်မယ်ဆိုတော့ ကျွန်တော်တို့ဘယ်လိုရှောင်ရမလဲဆိုတာတွေးပြီး စိတ်မောနေရတုန်း သတင်းမှားလို့သိလိုက်ရတဲ့အတွက် စိတ်အေးရတာပေါ့ဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပျော်ဘွယ်မြို့နယ်အတွင်း၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းနှင့် ပျော်ဘွယ်မြို့ပေါ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေကြီးရေလျှံနေမှုကြောင့် ရေဘေးသင့်ပြည်သူများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
