အမေရိကန်စစ်တပ်သည် ၂၀၁၉ ခုနှစ် က ဆီးရီးယားတွင် အိုင်အက်စ် စစ်သွေးကြွ များကို တိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးငယ် ၆၄ ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို ထိမ်ချန်ထားသည်ဟု နယူးယောက်တိုင်းမ် သတင်းစာက နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။ ယင်း ဖြစ်စဉ်သည် စစ်ရာဇဝတ်မှု မြောက်နိုင်ဖွယ်ရှိ သည်ဟုလည်း ၎င်းင်းသတင်းစာက ဆိုသည်။
ဆီးရီးယားတွင် မြေပြင်စစ်ဆင်ရေးများအတွက် တာဝန်ပေးခံရသော အမေရိကန် အထူးစစ်ဆင်ရေး တပ်ဖွဲ့သည် ဘာဂူဇ်မြို့ အနီးတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု နယူး ယောက်တိုင်းမ် သတင်းတွင် ဖော်ပြထား သည်။
ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းစစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲ သည့် အမေရိကန် ဗဟိုကွပ်ကဲရေး ဌာနချုပ် က ယခုသီတင်းပတ်အတွင်း အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုများကို ပထမဆုံးအကြိမ် ထုတ်ဖော်ဝန်ခံခဲ့ပြီး မိမိတို့တွင် ယင်းသို့လုပ် ဆောင်ရသည့် လုံလောက်သော အကြောင်း ရင်းရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ် ဗဟိုကွပ်ကဲရေး ဌာနချုပ်က ယင်းဖြစ်စဉ်ကို ထပ်လောင်းအ တည်ပြုခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှု အတွင်း အိုင်အက်စ်စစ်သွေးကြွ ၁၆ ဦးနှင့် အရပ်သားလေးဦး အပါအဝင် လူ ၈၀ ဦး သေ ဆုံးခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်အ ချို့သည် တိုက်ခိုက်ရေးသမားများ ဖြစ်နေနိုင် သည့် အနေအထားကြောင့် ကျန်ရှိသည့် ၆၀ ဦးသည် အရပ်သားများ ဟုတ်မဟုတ်ကို ရှင်း ရှင်းလင်းလင်း မသိရသေးကြောင်းလည်း အ မေရိကန်စစ်တပ်က ပြောကြားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများ သည် တရားဝင် နည်းလမ်းတကျ လုပ်ဆောင်ခဲ့သည့် ကိုယ့်ကိုယ့်ကို ကာကွယ်မှုသာဖြစ်ပြီး အရပ်သားများကို မထိခိုက်စေရန် သင့်တော်သည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း လည်း အမေရိကန်စစ်တပ်က ဆိုသည်။
“အပြစ်မဲ့သူတွေရဲ့ အသက်တွေ ဆုံး ရှုံးမှုဟာ စက်ဆုပ်ဖွယ်ကောင်းတာကြောင့် အဲဒီလိုမဖြစ်အောင် တတ်နိုင်သမျှ နည်းလမ်း မျိုးစုံ အသုံးပြုခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ် သက်ပြီး သက်သေအထောက်အထားတွေကို စုံစမ်းစစ်ဆေးမှုတွေနဲ့ အစီရင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မရည်ရွယ်ဘဲ လူ့အသက် တွေ ဆုံးရှုံးခဲ့ရမှုအတွက် အပြည့်အဝ တာဝန် ယူသွားမှာဖြစ်တယ်” ဟု ဗဟိုကွပ်ကဲရေး ဌာ နချုပ်က ပြောကြားသည်။
ဖြစ်စဉ်များကို ရိုက်ကူးထားသည့် ဗီဒီယိုတွင် လက်နက်ကိုင်ဆောင်ထားသော အ မျိုးသမီးများနှင့် ကလေးငယ်တစ်ဦးထက် မနည်းကို တွေ့ရှိခဲ့သဖြင့် ကျန်သေဆုံးသူ ၆၀ ဦး ထဲတွင် အရပ်သားအရေအတွက် မည်မျှပါ ဝင်နေသည်ကိုမူ အတည်မပြုနိုင်သေး ကြောင်းနှင့် ၎င်းင်းတို့ထဲမှ အများစုသည် တိုက် ခိုက်ရေးသမားများ ဖြစ်နိုင်ဖွယ်ရှိသည်ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။
နယူးယောက်တိုင်းမ်ကမူ ယုံကြည်ရသော စာရွက်စာတမ်းများ၊ လုံခြုံရေးအဆင့် သတ်မှတ်ချက်ရှိ အစီရင်ခံစာ ဖော်ပြချက် များနှင့် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သည့် အ မှုထမ်းများနှင့် တွေ့ဆုံမေးမြန်းမှုများကို အ ခြေခံကာ ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန်လေတပ်မှ ရှေ့နေတစ်ဦးက လည်း ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သတိပေး အကြောင်းကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
