ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ငါးသန်းကျော်ရှိလာခဲ့ပြီး ယင်းကပ်ရောဂါသည် ၂၀ ရာစုနှင့် ၂၁ ရာစု၏ အခြားကူးစက်ရောဂါအများစုထက် ပိုမိုဆိုးရွားခဲ့သည်။
သို့သော် ထူးခြားသည့် ခြွင်းချက်များတော့ ရှိနေသည်။ ပထမ ကမ္ဘာစစ်အပြီးဖြစ်ပွားသည့် စပိန်တုပ်ကွေးကြောင့် ၁၉၁၈ ခုနှစ်နှင့် ၁၉၁၉ ခုနှစ်အတွင်း သေဆုံးသူသန်း ၅၀ ကျော်ရှိသည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။
COVID-19 ကပ်ရောဂါကြောင့် အမှန်တကယ်သေဆုံးသူအရေအတွက်သည် တရားဝင် ထုတ်ပြန်ထားသည့်အရေအတွက်ထက် နှစ်ဆမှ သုံးဆအထိ ပိုမိုများပြားနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် တိုင်ယင်းစပိန်တုပ်ကွေးသည် ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါထက် လူသေဆုံးမှု ပိုမိုသာလွန်များပြားခဲ့သည်။
COVID-19 ကပ်ရောဂါနှင့် အခြားလူသေဆုံးမှုဖြစ်ပေါ်စေသည့် ကူးစက်ရောဂါများ၏ နှိုင်းယှဉ်ချက်ကို ဆက်လက်ဖော်ပြပေးသွားပါမည်။
၂၁ ရာစုကူးစက်ရောဂါများ
SARS-CoV-2 ဗိုင်းရပ်စ်ဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်းသည် ၂၁ ရာစုတွင်ဖြစ်ပွားသည့် အခြားဗိုင်းရပ်စ်ကူးစက်ရောဂါများထက် ပိုမိုသာလွန်လျက်ရှိသည်။
၂၀၀၉ ခုနှစ်က H1N1 ဗိုင်းရပ်စ် သို့မဟုတ် ဝက်တုပ်ကွေးသည် ကပ်ရောဂါအဖြစ် ပျံ့နှံ့သွားခဲ့ပြီး ယင်းဝက်တုပ်ကွေးရောဂါကြောင့် တရားဝင်ထုတ်ပြန်ထားသည့် သေဆုံးသူဦးရေမှာ ၁၈,၅၀၀ ဖြစ်သည်။
ယင်းသေဆုံးသူစုစုပေါင်းကို နောက်ပိုင်းတွင်း ပြန်လည်ပြင်ဆင်ခဲ့ပြီး Lancet ဆေးဘက်ဆိုင်ရာဂျာနယ်တွင် ဖော်ပြချက်အရ ယင်းဝက်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၅၁,၇၀၀ ဦးမှ ၅၇၅,၄၀၀ ဦးရေအတွင်း ရှိသည်ဟု ဆိုသည်။
၂၀၀၂ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်ခဲ့သည့် SARS ဗိုင်းရပ်စ်သည် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားဖြစ်၍ ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားခဲ့သော်လည်း ယင်းဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၇၇၄ ဦးသာရှိသည်။
တုပ်ကွေးကူးစက်ရောဂါ
COVID-19 ကပ်ရောဂါကို ရာသီတုပ်ကွေးဖြင့် နှိုင်းယှဉ်လေ့လာမည်ဆိုလျှင် ကမ္ဘာတစ်ဝန်း၌နှစ်စဉ် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၉၀,၀၀၀ မှ ၆၅၀,၀၀၀ ကြားရှိပြီး ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပွားသူ ငါးသန်းဝန်းကျင်ရှိသည်ဟု WHO က ထုတ်ပြန်ထားသည်။
၂၀ ရာစုနှစ်အတွင်း ရာသီတုပ်ကွေးမဟုတ်သည့် တုပ်ကွေးရောဂါ ကပ်ဆိုးကြီးနှစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းတို့မှာ ၁၉၅၇ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်းဖြစ်ပွားသည့် အာရှတုပ်ကွေးနှင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၀ ခုနှစ်အတွင်း ဖြစ်ပွားသည့် ဟောင်ကောင် တုပ်ကွေးတို့ဖြစ်ပြီး ယင်းတုပ်ကွေးတစ်ခုစီကြောင့်သေဆုံးသူ တစ်သန်း ဝန်းကျင်ရှိသည်ဟု ဆိုသည်။
ယနေ့အထိ ခေတ်မီကပ်ရောဂါကြီးများ၏ အဆိုးရွားဆုံးကပ်ဘေးမှာ ၁၉၁၈ ခုနှစ်မှ ၁၉၁၉ ခုနှစ်အတွင်း ဖြစ်ပွားသည့် စပိန်တုပ်ကွေး ကပ်ရောဂါဖြစ်ပြီး ယင်းသည်ဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်ပွားခဲ့သည်။
စပိန်တုပ်ကွေးတွင် သုံးကြိမ်ဆက်တိုက် ကူးစက်မှုလှိုင်းဖြစ်ပွားခဲ့ပြီးနောက်သေဆုံးသူ သန်း ၅၀ မှ သန်း ၁၀၀ ကြားရှိကြောင်း ၂၀၀၀ ပြည့်နှစ်ကထုတ်ပြန်သည့် သုတေသနစာတမ်းတွင်ဖော်ပြခဲ့ပြီး ယင်းအရေအတွက်သည် ပထမကမ္ဘာစစ်က သေဆုံးခဲ့သူ ၁၀ သန်းထက် အဆပေါင်း များစွာပိုမိုများပြားနေသည်။
အီဘိုလာဗိုင်းရပ်စ်
COVID-19 ကြောင့်သေဆုံးသူစုစုပေါင်းသည် ၁၉၇၆ ခုနှစ်တွင် ပထမဆုံးတွေ့ရှိခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ထက်ပိုမိုများပြားခဲ့သည်။ နှစ် ၄၀ အတွင်း အီဘိုလာကြောင့် သေဆုံးသူ ၁၅,၃ဝဝဦးရှိပြီး သေဆုံးသူအားလုံးမှာ အာဖရိကမှဖြစ်သည်။
သွေးလွန်တုပ်ကွေးနှင့် ဇီကာဗိုင်းရပ်စ်
အခြားအပူပိုင်းဗိုင်းရပ်စ်ဖြစ်သည့် သွေးလွန်တုပ်ကွေးသည် ပြင်းထန်အခြေအနေတွင် သေဆုံးစေနိုင်သော်လည်း သေဆုံးမှုနှုန်းများစွာ လျော့နည်းသည်။ သွေးလွန်တုပ်ကွေးကြောင့် နှစ်စဉ်သေဆုံးသူ ထောင်ဂဏန်းသာရှိပြီး ၂၀၁၅ ခုနှစ်တွင် သေဆုံးသူ ၄,၀၃၂ ဦးရှိသည်ဟု WHO က ထုတ်ပြန်ထားသည်။
AIDS နှင့် အသည်းရောင်ရောဂါ
AIDS ရောဂါသည်ခေတ်သစ် လူသေဆုံးမှုအများဆုံးကူးစက်ရောဂါဖြစ်ပြီး ၁၉၈၀ ဝန်းကျင်ကတည်းက ကမ္ဘာတစ်ဝန်းတွင် ယင်းကြောင့် သေဆုံးသူ ၃၆.၃ သန်းနီးပါးရှိသည်။
အသည်းရောင်အသားဝါဘီနှင့် စီဗိုင်းရပ်စ်တို့ကြောင့် သေဆုံးသူများစွာရှိပြီး နှစ်စဉ်နှစ်တိုင်း ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်သန်းကျော်ရှိကာ အများစုမှာ ဆင်းရဲသည့် နိုင်ငံများမှ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
