ပြီးခဲ့သည့် တစ်ပတ်အတွင်း COVID-19 ဖြစ်ပွားမှု ဂျာမနီနိုင်ငံတွင်၂၉ ရာခိုင်နှုန်း၊ တူရကီနိုင်ငံတွင် ရှစ်ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံတွင် သုံးရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ဆိုင်ရာ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအစီရင်ခံစာအရ COVID-19 ဖြစ်ပွားမှု ရုရှားနိုင်ငံ၊ တူရကီနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင် အသီးသီးမြင့်တက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် သုံးရာခိုင်နှုန်းနှင့် UK တွင် ၁၂ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ခေါင်းထောင်လာခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဂျာမနီနိုင်ငံ၏ မြို့တော်ဘာလင်သည် နိုဝင်ဘာ ၁၅ ရက်မှ စတင်၍ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူများအား တင်းကျပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ ၎င်းတို့ကို စားသောက်ဆိုင်းအတွင်း၌ ညစာ စားချင်း၊ ဘားဆိုင်များ၊ ကိုယ်ကာယ လေ့ကျင့်ရာနေရာများ၊ ဆံသသမားများထံ သွားခြင်းများကို တားမြစ်သွားမည်ဖြစ်သည်။
ဘာလင်က စည်းကမ်းချက်သစ်များအရ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူများ၊ COVID-19 မှ ပြန်ကောင်းလာသူဖြစ်သည်ဟု အထောက်အထားပြနိုင်သူများသာ အများပြည်သူ အနားယူရာနေရာများ၊ ဂျာမနီနိုင်ငံတွင် 2G အဖြစ် လူသိများသောစနစ်ဖြစ်သည့် အခြားရွေးချယ်ပေးထားသော စာရင်းဝင် နေရာများကို ဝင်ရောက်နိုင်မည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ များပြားလာခြင်း၊ အရေးပေါ်ဌာနများတွင် ဖိအားများလာခြင်းတို့ကို တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် မီဒီယာသို့ ထုတ်ပြန်ပေးရာ၌ ဘာလင်ဆီးနိတ်က ဖော်ပြခဲ့သည်။
ရုပ်ရှင်ရုံများ၊ ပြတိုက်များ၊ ဘောလုံးပွဲများကဲ့သို့သော ပရိသတ် ၂၀၀၀ ကျော်လာရောက်သည့် လဟာပြင်ပွဲများသည် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများကို တားမြစ်သွားမည်ဖြစ်သည်။
ကျန်းမာရေးကြောင့် ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိသောလူများနှင့် အရွယ်မရောက်သေးသူများကို စည်းကမ်းချက်အသစ်များ သက်ရောက်မည်မဟုတ်သော်လည်း ၎င်းတို့အနေဖြင့် ဆေးစစ်ရာတွင် ကူးစက်ခံရခြင်းမရှိဟူသော အဖြေကို ပြရန်လိုအပ်မည်ဖြစ်သည်။ ဝန်ထမ်းများကို အိမ်မှသာ ပိုမိုအလုပ်လုပ်ခိုင်းရန် ကုမ္ပဏီများအား တိုက်တွန်းထားပြီး ရုံးတက်သည့် ဝန်ထမ်းအရေအတွက်ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ ကန့်သတ်ရန် တိုက်တွန်းထားသည်။
ဘာလင်ဆီးနိတ်က သဘောတူခဲ့သော စည်းကမ်းချက်များသည် မကြာသေးခင်ရက်များတွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စံချိန်များကို အကြိမ်ကြိမ်ချိုးနေခဲ့သော ဂျာမနီနိုင်ငံတွင် အပြင်းထန်ဆုံး စည်းကမ်းချက်များတွင် ပါဝင်နေသည်။
ဂျာမနိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက်က ကိုရိုနာဗိုင်းရပ်စ်ထပ်မံ ကူးစက်ခံရသူ စံချိန်တင် ၅၀၁၉၆ ဦးရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျာမနီနိုင်ငံ၌ နေ့အလိုက် ကူးစက်ခံရသူ ၅၀၀၀၀ ကျော် သွားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလလယ်မှ စတင်၍ ကူးစက်ခံရသူများနှင့် သေဆုံးသူများ မြင့်တက်လာချိန်၌ နေ့အလိုက် ကူးစက်မှု စံချိန်တင်ခဲ့ခြင်းဖြစ်သည်။
ရာထူးမှ ထွက်ခွာတော့မည့် အဓိပတိ အန်ဂျယ်လာမာကယ်က ကူးစက်မှု မြင့်တက်လာခြင်းကို အံ့သြဖွယ်ကောင်းသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ “ ကပ်ရောဂါဟာ ထူးဆန်းတဲ့ပုံစံသစ်နဲ့ တစ်ကျော့ပြန်လာနေပါတယ်” ဟု မာကယ်က ပြောကြားခဲ့ပြီး ကူးစက်မှုထိန်းချုပ်ရေးအတွက် နောက်ထပ်အစီအမံများ ချမှတ်ဆောင်ရွက်ရန် ဒေသန္တရ အာဏာပိုင်များကို ဆော်သြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
