ဂျပန်နိုင်ငံတွင် လွန်ခဲ့သည့်နှစ် နွေရာသီက ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ရှောင်လွှဲနိုင်ရန်အတွက် လာမည့် ဗိုင်းရပ်စ်ကူးစက်မှုလှိုင်းအတွက် အစိုးရ၏ကြိုတင်ပြင်ဆင်ချက်များတွင် ထောင်နှင့်ချီသည့်ဆေးရုံကုတင်များ ထပ်မံဖြည့်သွင်းရန် အစီအစဉ်များလည်း ပါဝင်နေသည်။
လွန်ခဲ့သည့်နှစ်နွေရာသီက ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် ဆေးရုံကုတင် လုံလောက်မှုမရှိသဖြင့် COVID-19 လူနာ အများအပြားသည်အောက်စီဂျင် လိုအပ်နေသည့်တိုင် နေအိမ်တွင်သာ နေထိုင်ခဲ့ရသည်။
ဂျပန်တွင် သင့်တင့်သောကျန်းမာရေး အာမခံစနစ်နှင့် လူဦးရေအလိုက် ကမ္ဘာ့အကြီးဆုံး ကုတင်အရေအတွက်ရှိနေသည့်တိုင် COVID-19 လူနာများသည် ပြည်သူ့ဆေးရုံ၊ တက္ကသိုလ်ဆေးရုံနှင့် အဓိကပုဂ္ဂလိကဆေးရုံကြီးအများစုရှိ ကုတင်နေရာ အနည်းငယ်သာ တက်ရောက်ခွင့်ရခဲ့သည်။
အစိုးရက COVID-19 လူနာများကို ကုသပေးရန် ဆေးရုံအများအပြားကို ဆွဲဆောင်သည့်အနေဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သော်လည်း လုပ်ငန်းစဉ်မှာနှေးကွေးခဲ့ပြီး အရေးပေါ်အခြေအနေအောက်တွင် တင်းကျပ်သော စည်းမျဉ်းများထုတ်ပြန်ခဲ့သည်။
ပုဂ္ဂလိကဆေးရုံငယ်များမှာ ကူးစက်ရောဂါကို ကိုင်တွယ်ရန် ကျွမ်းကျင်သူအလုံအလောက် မရှိခြင်း၊ ဝန်ထမ်းအင်အားမရှိခြင်း သို့မဟုတ် ကုန်ကျစရိတ်များကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာများကို လက်ခံကုသပေးရန် တွန့်ဆုတ်နေကြသည်။
အချို့စီရင်စုများတွင်မူ ယင်းပုဂ္ဂလိက ဆေးရုံငယ်လေးများသည် ကူးစက်ရောဂါကြာရှည် မဖြစ်ပွားတော့သည့် လူနာများနှင့် ဆေးရုံကြီးများတွင် ကုသမှုခံယူခဲ့ပြီးနောက် ပြင်းထန်အခြေအနေမှ နာလန်ပြန်ထသည့် လူနာများကို လက်ခံကုသပေးသည့်စနစ်ကို ကျင့်သုံးလုပ်ဆောင်ခဲ့သည်။
ယခင်ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီဒေဆူဂါလက်ထက်တွင် ဗိုင်းရပ်စ်ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ပြည်သူများက မကျေမနပ်ဖြစ်ခဲ့ကြပြီးနောက် လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီ ရှီဒါ၏ သီတင်းပတ်သက်တမ်းရှိ အစိုးရမှာ အာဏာဆက်လက်တည်မြဲနိုင်ရန်အတွက် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ချက်များမှာ ၎င်းတို့၏အဓိကတာဝန် ဖြစ်လာခဲ့သည်။
အဓိကအစိုးရအဖွဲ့ဝန်ကြီးများ၏ နိုဝင်ဘာ ၁၂ ရက်က အစည်းအဝေးတွင် သတ်မှတ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ဆောင်ရွက်ချက်အသစ်များတွင် အစိုးရအနေဖြင့် နိုဝင်ဘာလကုန်ပိုင်း၌ ဆေးရုံများတွင် COVID-19 လူနာ ၃၇,၀၀၀ အထိလုံလောက်သည့် ကုတင်နေရာများကို စီစဉ်ချထားရန်ဖြစ်ပြီး လာမည့်လှိုင်းအသစ်သည် ယခင်ကူးစက်မှုလှိုင်းထက် ပိုမိုမြင့်တက်လာဖွယ်ရှိသောကြောင့် ကုတင်နေရာများကို ပိုမိုစီစဉ်ထားခြင်းဖြစ်သည်။
သြဂုတ်လလယ်ပိုင်းက နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅,၀၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည်လည်း တစ်စိတ်တစ်ပိုင်းပြိုလဲခဲ့သောကြောင့် လူနာအများအပြားသည် ဆေးရုံကုတင်နေရာ မရခြင်း၊ အောက်စီဂျင်မရရှိခြင်းနဲ့ ၎င်းတို့၏နေအိမ်များသို့ အစားအစာ ပို့ဆောင်သည့်စနစ် မရရှိသောကြောင့် အချို့ဗိုင်းရပ်စ်လူနာများမှာ နေအိမ်တွင်သေဆုံးခဲ့ကြသည်။
“ အဆိုးဆုံးအခြေအနေကို မျှော်လင့်ထားပြီးနောက်ထပ်တိုးပွားလာမယ့် ကူးစက်မှုတွေအတွက် ပြင်ဆင်ထားဖို့ အရေးတယူ ဆောင်ရွက်ထားဖို့ အရေးကြီးပါတယ်” ဟု ကီရှီဒါက အစည်းအဝေးတွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
