ဥရောပနိုင်ငံအများအပြားတွင် စိုးရိမ်ဖွယ်မြင့်တက်နေသသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို လျှော့ချနိုင်ရန် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများကို ထပ်မံပြဋ္ဌာန်းခဲ့ကြပြီး အစိုးရများက ပြည်သူများအား ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံကြရန် စီမံချက်အများအပြား ထုတ်ပြန်ခဲ့ကြသည်။
ဥရောပတစ်ဝန်းတွင် အပတ်စဉ်တိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် အောက်တိုဘာလ အစောပိုင်းကတည်းက မြင့်တက်နေပြီး လက်ရှိအချိန်၌မူ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက မြင်တွေ့ဖူးခြင်းမရှိသည့် ကူးစက်မှုအဆင့်တွင် ရပ်တည်နေသည်။
လွန်ခဲ့သည့် ခုနစ်ရက်ကျော်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၁၂၅,၇၇၅ ဦးရှိပြီး နေ့အလိုက် ပျမ်းမျှကူးစက်ခံရသူဦးရေသည် ၃၀၃,၆၈၂ ဦးရှိနေသည်ဟု တရားဝင်ထုတ်ပြန်ချက်များကို အခြေခံ၍အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင်ဖော်ပြထားသည်။
ယင်းကူးစက်မှုနှုန်းသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၈ ရက်နေ့အတွင်းကူးစက်ခံရသူ ၁,၉၈၈,၅၀၇ စံချိန်ကို ကျော်လွန်သွားခဲ့ပြီး နောက်ဆုံးသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် လွန်ခဲ့သည့်သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့သည်။
ဗြိတိန်၊ ဂျာမနီ၊ ရုရှား၊ တူရကီနှင့် ယူက ရိန်းစသည့်ငါးနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
ယင်းကဲ့သို့ ကူးစက်မှုန်းမြင့်တက်နေခြင်းမှာ လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးမှုများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နေခြင်း၏ ရလဒ်ဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုနှုန်းနှင့် လူမှုရေးဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများ ချမှတ်မှုနှုန်း မတူညီသည့်အတွက် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ ဗိုင်းရပ်စ်ကူးစက်မှုစုစုပေါင်း အရေအတွက်မှာလည်း မတူကြပေ။
ဥပမာအနေဖြင့် ဗြိတိန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေသော်လည်း ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်နေခြင်းကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသည့် အခြေအနေကို ထိန်းသိမ်းထားနိုင်သည်ဟု ဘရပ်ဆဲလ်မြို့ရှိ ULB တက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင် Yves Coppieters က ပြောကြားခဲ့သည်။
ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ဥရောပစင်တာ (ECDC) က အီးယူတွင် အခြေအနေများ ဆက်လက်ပိုမိုဆိုးရွားနေသည်ဟု နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဖွဲ့ဝင် ၂၇ နိုင်ငံတွင် ဘယ်ဂျီယံ၊ ပိုလန်၊ နယ်သာလန်၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ ဂရိ၊ ဟန်ဂေရီနှင့် ဆလိုဗေးနီးယားတို့သည် ဗိုင်းရပ်စ်ကူးစက်မှု စိုးရိမ်ဖွယ် အမြင့်ဆုံးနိုင်ငံများ ဖြစ်သည်။
ဥရောပနိုင်ငံအများစုအတွက် အဓိကရည်ရွယ်ချက်မှာ တတ်နိုင်သမျှ လူအများအပြားကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်ဖြစ်သည်။
“ အဓိကအချက်ကတော့ လူအုပ်စုလိုက် ကိုယ်ခံအားရဖို့လူတွေကို တတ်နိုင်သမျှကာ ကွယ်ဆေးထိုးနှံပေးရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လူဦးရေအတွက်တော့ ကျွန်တော်တို့အနေနဲ့ ကန့်သတ်ချက်စည်းမျဉ်းတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်” ဟု Coppieters က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
