တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းစုုပြဿနာအပါအဝင် ဂျပန်အား ကာကွယ်ပေးမည့် အမေရိကန်၏ ကတိကဝတ်သည် ခိုင်မာမှုရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က တယ်လီဖုန်းဖြင့်ဆက်သွယ်မှုတွင် ၎င်းအား အခိုင်အမာပြောကြားခဲ့သည်ဟု ဂျပန်၏ နိုင်ငံခြားရေးဝန်ကြီးသစ် ယိုရှီမာဆာ ဟာယာရှီက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အတိတ်ကာလက တရုတ်အား ဂျပန်က စစ်ရေးအရ ကျူးကျော်ဝင်ရောက်မှုနှင့် အရှေ့ တရုတ်ပင်လယ်အတွင်းရှိ ဂျပန်၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည့် ဆန်ကာကူကျွန်းစု (တရုတ်အခေါ် ဟျောင်ယွီ ကျွန်းစု) နှင့်ပတ်သက်ပြီး နယ်နိမိတ်အငြင်းပွားမှုတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ယိုယွင်းခဲ့သည်။
“ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဆန်ကာကူကျွန်းစုနဲ့ပတ်သက်ပြီး ဂျပန်နဲ့ အမေရိကန် လုံခြုံရေးစာချုပ်မှာ ပါဝင်တဲ့ ပိုဒ်ခွဲ ၅ ကိုကျင့်သုံးမှုအပါအဝင် ဂျပန်ကို ကာကွယ်မှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ကတိကဝတ်ဟာ ခိုင်မာမှုရှိနေတယ်လိို့ ပြောခဲ့ပါတယ်” ဟု ဟာယာရှီက သတင်းထောက်များအား ပြောကြားခဲ့သည်။
ယင်းစာချုပ်တွင်ပါဝင်သည့် ပိုဒ်ခွဲ ၅ အရ ဂျပန်၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသည့် နယ်နိမိတ်များကို တိုက်ခိုက်မှုသည် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး ယင်းအန္တရာယ်ကို ရင်ဆိုင်ရန် အရေးယူလုပ်ဆောင်သွားမည်ဟု နှစ်နိုင်ငံလုံးက သဘောတူခဲ့သည်။ ထို့ပြင် သူနှင့် ဘလင်ကင်သည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အရေးကြီးသည့်အမြင်ကို ဖလှယ်ခဲ့ကြသည်ဟု ဟာယာရှီက ပြောကြားခဲ့သည်။
တရုတ်အစိုးရသည် ၎င်း၏ နယ်နိမိတ်အဖြစ် ကြေညာထားသည့် ထိုင်ဝမ်အနီးတွင် စစ်လေယာဉ်များ စေလွှတ်ပျံသန်းခဲ့ပြီး ယင်းလုပ်ဆောင်ချက်ကို ထိုင်ဝမ်က စောဒကတက်နေမှုနှင့်အတူ မကြာသေးမီလများအတွင်း ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး တင်းမာမှုများ မြင့်တက်ခဲ့သည်။
အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များအတွင်း ရှိရင်းစွဲအခြေအနေများကို ပြောင်းလဲရန် တရုတ်၏ တစ်ဖက်သတ်ကြိုးပမ်းမှုများကို ဟာယာရှီနှင့် ဘလင်ကင်တို့က ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီး တရုတ်နှင့်ပတ်သက်သည့် အရေးကိစ္စများကို တုံ့ပြန်ရာတွင် နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို သဘောတူခဲ့ကြသည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်ကလည်း အမေရိကန်၏ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်စီ အကွီလင်နိုသည် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် တွေ့ဆုံခဲ့ပြီး တရုတ်၏ စစ်ရေးလုပ်ရှားမှုများ မြင့်တက်နေသည့် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်ပြီး ပွင့်လင်းမှုရှိစေရန် အမေရိကန်၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့သည်။
အကွီလင်နိုသည် တရုတ်စစ်သင်္ဘောများ မကြာခဏတွေ့ရှိရတတ်သည့် ဂျပန်၏ တောင်ပိုင်းကျွန်းစုများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ လေ့ကျင့်မှုများကို လေ့လာကြည့်ရှုခဲ့ပြီး ဂျပန်စစ်ဦးစီးချုပ် ကိုဂျီယာမာဇာကီနှင့် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
