ဥရောပသမဂ္ဂ (အီးယူ) ၏ ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့သည် COVID-19 ပဋိပစ္စည်း (antibody) ကုသမှုဆေးနှစ်မျိုးကို နိုဝင်ဘာ ၁၁ ရက်တွင် အတည်ပြုလိုက်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွင် ရောဂါလက္ခဏာဖြစ်ပေါ်မှု ရပ်တန့်သွားစေရန် အထောက်အကူပေးသည့် ရှေ့ဆောင်ကုထုံး နှစ်မျိုးကို အီးယူက ပထမဆုံးအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန်ဇီဝနည်းပညာလုပ်ငန်း Regeneron နှင့် ဆွစ်ဇာလန်ဆေးဝါးကုမ္ပဏီကြီး Roche တို့က ထုတ်လုပ်သော Ronapreve နှင့် တောင်ကိုရီးယား၏ Celltrion က ထုတ်လုပ်သည့် Regkirona တို့သည် ဥရောပဆေးဝါးများအေဂျင်စီ (EMA) ထံမှ ခွင့်ပြုချက် အသီးသီးရရှိခဲ့ကြသည်။
ယခုကဲ့သို့အတည်ပြုပေးလိုက်ခြင်းသည် နိုင်ငံတချို့၌ စံချိန်တင်အရေအတွက်အထိ မြင့်တက်လာသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းအား တိုက်ဖျက်လျက်ရှိသည့် ဥရောပသမဂ္ဂ၏ ဆေးဝါးလက်နက် ကိရိယာများထဲတွင် ဆေးဝါများ တိုးလာစေသည်။
“Ronapreve နဲ့ Regkirona တို့ဟာ ကိုဗစ်အတွက် အပြုသဘောထင်မြင်ချက်ကို လက်ခံရရှိတဲ့ ပထမဆုံး monoclonal antibody ဆေးတွေဖြစ်ပါတယ်” ဟု အမ်စတာ ဒမ်အခြေစိုက် EMA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဆေးနှစ်မျိုးကို အတည်ပြုပေးလိုက်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အရေးပါသော ခြေလှမ်းဖြစ်သည်ဟု အီးယူကျန်းမာရေး မဟာမင်းကြီး စတယ်လာကီ ယာကီဒက်စ်က ပြောကြားခဲ့သည်။ အီးယူ၏ တုံ့ပြန်ဆောင်ရွက်မှုမှာ ယခုအချိန်ထိ ကာကွယ်ဆေးလေးမျိုးအပေါ် အားထားနေရခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
“ အဖွဲ့ဝင်နိုင်ငံအားလုံးလိုလိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာတာနဲ့အတူ ကျွန်မတို့ရဲ့ ကိုဗစ်ကုထုံးမဟာဗျူဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အလားအလာရှိတဲ့ ကုသမှုတွေ ဖွံ့ဖြိုးအောင် လုပ်နေတာကို မြင်ရတာဟာ စိုးရိမ်သောက ကင်းဝေးစေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ၎င်းက ဖော်ပြထားသည်။
“ နှစ်ကုန်ပိုင်းလောက်မှာ အီးယူမှာ ကုထုံးသစ် ငါးမျိုးအထိ အတည်ပြုပေးဖို့ဆိုတဲ့ ကျွန်မတို့ရဲ့ ရည်မှန်းချက်ဆီရောက်ဖို့ ဒီကနေ့မှာ ကျွန်မတို့ဟာ အရေးပါတဲ့ ခြေလှမ်းကို လှမ်းလိုက်တာပါ” ဟု ၎င်းက ဖော်ပြခဲ့သည်။
အီးယူအနေဖြင့် Ronapreve ဆေး ၅၅,၀၀၀ အတွက် ကန်ထရိုက်ချုပ်ရန် အီးယူနိုင်ငံများက တောင်းဆိုထားကြပြီးဖြစ်သည်။
ဓာတ်ခွဲခန်းတွင် ထုတ်သော monoclonal antibody များသည် ကိုရိုနာဗိုင်းရပ်စ် မျက်နှာပြင်ကို ထိုးသော ဆူးချွန်များနှင့် ချိတ်ဆက်ထားသည့် Y ပုံသဏ္ဍာန်ပရိုတိန်းများဖြစ်၍ လူ့ဆဲလ်များအတွင်းသို့ ကိုရိုနာဗိုင်းရပ်စ် ကျူးကျော်ဝင်ရောက်မှုအား ဟန့်တားပေးသည်။ ကာကွယ်ဆေးများသည်လည်း ယင်းသို့ ပဋိပစ္စည်းများ ထုတ်ပေးရန် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးကြသည်။ အသက်ကြီးသူများအပါအဝင် လူတချို့သည်ကာကွယ်ဆေးကို ကောင်းစွာတုံ့ပြန်ရန် ကိုယ်ခံအားစနစ် ချို့ယွင်းကြနေကြသဖြင့် ၎င်းတို့ကို passive vaccination နည်းဖြင့် ပဋိပစ္စည်းများ တိုက်ရိုက်ထည့်ပေးရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
