ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘက်မြို့တော်တွင် အမေရိကန်၊ တရုတ်၊ ရုရှားနှင့် တာလီဘန် သံတမန်များ တွေ့ဆုံခဲ့ပြီးနောက် အာဖဂန်နစ္စတန်သည် စီးပွားရေးပြိုလဲလုနီး အခြေအနေသို့ ရောက်ရှိနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ထောက်ပံ့ရန်နှင့် ရန်ပုံငွေထောက်ပံ့မှုများကို ချက်ချင်း ပြန်လည်စတင်ရမည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရက်ရှီက နိုဝင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့သည်။
အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန် အထူးသံတမန်သစ် သောမတ်စ် ဝက်စ် ပါဝင်သည့် Troika plus ဟု အမည်ပေးထားသည့် ယင်းအစည်းအဝေး၏ ဖွင့်ပွဲတွင် ကူရက်ရှီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၁ ရက်တွင် တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အမ်မီယာခန်း မွတ်တာကီနှင့်လည်း တွေ့ဆုံခဲ့ကြသည်။
ယနေ့အချိန်အခါတွင် အာဖဂန်နစ္စတန်သည် စီးပွားရေးပြိုလဲလုနီး အခြေအနေတွင် ရှိနေပြီး နောက်ထပ် ကျဆင်းမှုများသည် အာဖဂန်ကို အုပ်ချုပ်နေသည့် တာလီဘန် အစိုးရသစ်၏ လုပ်နိုင်စွမ်းကို ဆိုးရွားစွာ ကန့်သတ်မှု ရှိစေလိမ့်မည်ဟု ကူရက်ရှီက ပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် လေးနိုင်ငံ ပူးတွဲထုတ်ပြန်သည့် အစီရင်ခံစာ၌ အာဖဂန်နစ္စတန်တွင် အမြန်ဆုံး တည်ငြိမ်ရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ကို ဖြစ်ပေါ်စေနိုင်သည့် သင့်တင့်မျှတပြီး ဆင်ခြင်တွေးခေါ်မှုရှိသည့် မူဝါဒများကို ချမှတ်ရေးအတွက် တာလီဘန်အဖွဲ့နှင့်အတူ လက်တွေ့ကျသည့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။
သို့သော်လည်း တာလီဘန်အဖွဲ့အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအတွက် လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးတွင် ပါဝင်နိုင်စေရန် သာတူညီမျှ အခွင့်အရေးများနှင့် အခွင့်အလမ်းများကို ထောက်ပံ့ပေးခဲ့သည့် ဘက်စုံပါဝင်သည့် အစိုးရအဖွဲ့ကို ဖွဲ့စည်းရေးအတွက် ပိုမိုလုပ်ဆောင်ရန် အစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
ကူရက်ရှီကမူ အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို အရေးတကြီးထောက်ပံ့ပေးရေးသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အဓိကကျသည့် အချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းထောက်ပံ့မှုများအနက် သြဂုတ်လ ၁၅ ရက်က အာဖဂန်ကို တာလီဘန်တို့ ထိန်းချုပ်ခဲ့ချိန်ကတည်းက အနောက်နိုင်ငံများမှ အလှူရှင်များက ပိတ်ထားခဲ့သည့် ရန်ပုံငွေများကို အာဖဂန်နစ္စတန်အား အသုံးပြုခွင့်ရရှိရေးလည်း ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ရန်ပုံငွေစီးဆင်းမှုများကို ပြန်လည်စတင်မှုသည် အာဖဂန်၏ စီးပွားရေးအလားအလာကို တည်ငြိမ်စေရန်နှင့် ထိန်းထားနိုင်စွမ်းရှိမှု၊ စီးပွားရေးလှုပ်ရှားမှုများကို ပြန်လည် လည်ပတ်စေရန် မိမိတို့၏ အားထုတ်ကြိုးပမ်းမှုများ နှင့် အချိန်ကိုက်ဖြစ်လာလိမ့်မည်ဟု ကူရက်ရှီက ဆိုသည်။
တာလီဘန်နိုင်ငံခြားရေးဝန်ကြီး မွတ် တာကီက ယင်းအစည်းအဝေးသည် အစိုးရအဖွဲ့သစ်၏ အားထုတ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ အားလုံးဟာ အာဖဂန်အစိုးရရဲ့ တိုးတက်ကောင်းမွန်မှု၊ ရာဇဝတ်မှုတွေကို နှိမ်နင်းမှုနဲ့ ငြိမ်းချမ်းရေး ရအောင်ပြုလုပ်မှု သဘောတရားတွေအရ အာဖဂန်နစ္စတန်မှာ လက်ရှိအနေအထားနဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိနေကြပါတယ်” ဟု မွတ်တာကီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
