အိန္ဒိယနိုင်ငံ၏ ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်သည့် Covaxin သည် အလွန် အာနိသင်ထက်မြက်မှုရှိပြီး ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမရှိဟု နိုဝင်ဘာ ၁၁ ရက်က Lancet ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာချက်တစ်ခုအရ သိရသည်။
Bharat Biotech ကုမ္ပဏီမှာ ထုတ်လုပ်ခဲ့သည့် Covaxin ကာကွယ်ဆေးသည် ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ် အတည်ပြုချက်ကို ရရှိခဲ့ပြီး ယင်းကာကွယ်ဆေးကိုမူ နိုင်ငံ ၁၇ နိုင်ငံတွင် ယခင်ကတည်းက အသုံးပြုခဲ့ပြီးဖြစ်သည်။ WHO ၏ ဖော်ပြချက်အရ ယင်းကာကွယ်ဆေးသည် သိမ်းဆည်းရလွယ်ကူသဖြင့် ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများအတွက် အထူးသင့်လျော်သည်ဟု ဆိုသည်။
WHO ၏ အတည်ပြုချက်ကို ရရှိထားသည့် အခြားကာကွယ်ဆေးများမှာမူ အပူချိန် အလွန်နိမ့်သည့် အခြေအနေတွင် သိမ်းဆည်းရမည်ဖြစ်သဖြင့် သယ်ယူပို့ဆောင်မှုနှင့် ကုန်ကျစရိတ်များတွင် အခက်အခဲများရှိနိုင်သည်။
Covaxin ကာကွယ်ဆေးသည် အရွယ်ရောက်ပြီးသူများ၌ ဓာတ်ခွဲခန်းက အတည်ပြုခဲ့သည့် COVID-19 ရောဂါလက္ခဏာများကို ဆန့်ကျင်တိုက်ဖျက်ရာတွင် အလွန် အာနိသင်ရှိသည်ဟု လေ့လာချက်တွင် ဖော်ပြခဲ့သည်။ ထို့ပြင် ယင်းကာကွယ်ဆေးထိုးနှံမှုကြောင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေများကို မတွေ့ရကြောင်း ကြားကာလ လေ့လာချက်အရ သိရသည်ဟု ဖော်ပြခဲ့သည်။
Covaxin ကာကွယ်ဆေးသည် တစ်လကျော်အတွင်း ဆေးနှစ်လုံး အပြည့်အဝ ထိုးနှံပြီးနောက် ထိရောက်မှုနှုန်းမှာ ၇၈ ရာခိုင်နှုန်း ရှိသည်ဟု WHO က ပြောကြားခဲ့သည်။
ထို့ကြောင့် Covaxin ကာကွယ်ဆေးသည် Pfizer/BioNTech ၊ Moderna ၊ AstraZeneca ၊ Johnson & Johnson ၊ Sinopharm နှင့် Sinovac တို့၏ ကာကွယ်ဆေးများ ကဲ့သို့ WHO ၏ အတည်ပြုကာကွယ်ဆေးများ စာရင်းတွင် ပါဝင်ခဲ့ပြီဖြစ်သည်။
Covaxin ကာကွယ်ဆေးထုတ်လုပ်မှုသည် အကန့်အသတ်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ပေးနိုင်ပြီး ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ် အလတ်ရှိသည့် နိုင်ငံများကို အချိုးအစားမမျှတစွာ သက်ရောက်မှုရှိနေသည့် လုံလောက်မှု မရှိသည့် ကာကွယ်ဆေး ထောက်ပံ့မှုကို မြင့်တက်စေနိုင်သည်ဟု လေ့လာမှုတွင် ပါဝင်ခြင်းမရှိသည့် တရုတ် သုတေသနပညာရှင် နှစ်ဦးဖြစ်သူ လီကျင်းရှင်လီနှင့် ကျူဖုန်းခိုင်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ ယင်းကာကွယ်ဆေးကို အိန္ဒိယတစ်နိုင်ငံတည်း၌သာ စမ်းသပ်ခဲ့ခြင်း ဖြစ်သဖြင့် ကွဲပြားခြားနားသည့် သုတေသီအဖွဲ့များ၏ လေ့လာမှုအပိုင်းတွင် အားနည်းနေသည်ဟု ၎င်းတို့က ပြောကြားခဲ့ပြီး လေ့လာမှု၏ အကန့်အသတ်သာရှိသည့် သေချာမှုကို ထောက်ပြခဲ့သည်။
လေ့လာမှုများကို ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားမီ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အကြားပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Covaxin ကာကွယ်ဆေးသည် ဒယ်တာမျိုးကွဲကို ကာကွယ်နိုင်စွမ်း ရှိနေသော်လည်း ထိရောက်မှုအနည်းငယ် လျော့ကျခဲ့သည်ဟု လေ့လာမှုတွင်ပါဝင်သည့် သုတေသီများက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
