ဘီလာရုစ်သည် ရွှေ့ပြောင်းအခြေချများကို ၎င်းတို့နယ်စပ်မှတစ်ဆင့် ပိုလန်သို့ တွန်းပို့ကာ နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက် ခိုက်ရန် ကြိုးပမ်းနေသည်ဟု ဥရောပသမဂ္ဂက နိုဝင်ဘာ ၉ ရက်တွင် စွပ်စွဲလိုက်သည်။
ရုရှားနှင့် နေတိုးမဟာမိတ်အုပ်စုပါ ပါဝင်ပတ်သက်ရနိုင်သည့် ၎င်းအကျပ်အတည်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂက ဘီလာရုစ် အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာဖွယ်ရှိနေသည်။
မကြုံစဖူးလုပ်ရပ်အဖြစ် ရုရှားသည် အနီးကပ် မဟာမိတ်ဖြစ်သော ဘီလာရုစ်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ဘီ လာရုစ်လေပိုင်နက်ထဲတွင် ကင်းလှည့်ပျံသန်းရန် နျူကလီးယားဗုံး သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းကို စေလွှတ်ခဲ့သည်။
နေတိုးမဟာမိတ်အုပ်စု၏ တံခါးပိတ်အစည်းအဝေးတွင် ယင်းအခြေအနေနှင့် ပတ်သက်ပြီး ပိုလန်က မဟာမိတ်နိုင်ငံများကို အသိပေးပြောကြားခဲ့ကြောင်းနဲ့ မိမိတို့အနေဖြင့် ပိုလန်ကို အကူအညီပေးသွားမည်ဖြစ်ကြောင်း နေတိုးအုပ်စု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဘီလာရုစ်နိုင်ငံထဲတွင် ပိတ်မိနေသည့် အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်တို့မှ ရွှေ့ပြောင်းအခြေချများသည် ညအချိန်တွင် ပိုလန်နိုင်ငံထဲသို့ ဖြတ်ကျော်ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သည်ဟု ပိုလန်အစိုးရက ပြောကြားထားပြီး နယ်စပ်တွင် အစောင့်အကြပ်များကို ထပ်မံဖြည့်တင်းသွားမည်ဟုလည်း ကြေညာခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မစ်ရှဲဘက်ရှလက်ကမူ အခြေအနေတင်းမာနေမှုကို လျှော့ချရန်နှင့် လက်သင့်မခံနိုင်စရာ အကျပ်အတည်းကို ဖြေရှင်းကြရန် သက်ဆိုင်ရာနိုင်ငံများကို တိုက်တွန်းခဲ့သည်။
“အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူရာပေါင်းများစွာကို အလွန်အေးခဲနေတဲ့ ရာသီဥတုအောက်မှာ အမိုးအ ကာ၊ စားစရာ၊ ရေနဲ့ ဆေးဝါးစောင့်ရှောက်မှု အလုံအလောက်မရှိဘဲ နောက်တစ်ညထပ်ပြီး အိပ်စက်ရအောင် မလုပ်သင့်ပါဘူး” ဟုလည်း သူက ဆိုသည်။
ဥရောပသမဂ္ဂ (အီးယူ) သည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး ဘီလာရုစ် အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အကြိမ်ကြိမ်ချမှတ်ခဲ့သည့်အပြင် ဘီလာရုစ် အစိုးရသည် စစ်ဒဏ်သင့်နိုင်ငံများနှင့် စီးပွားရေး ချွတ်ခြုံကျနေသည့် နိုင်ငံများမှ ရွှေ့ ပြောင်းအခြေချများကို သိမ်းသွင်းကာ ၎င်းတို့ကို နယ်စပ်မှတစ်ဆင့် ပိုလန်နိုင်ငံထဲသို့ ပို့ဆောင်ပြီး အီးယူ၏ အရှေ့ဘက်စစ်မျက်နှာစာတွင် မငြိမ်သက်မှုများ ဖန်တီးရန် ကြိုးပမ်းနေသည်ဟုလည်း အီးယူက စွပ်စွဲထားသည်။
“အီးယူရဲ့ နယ်စပ်တွေမှာ နည်းမျိုးစုံသုံးတဲ့ လူမဆန်တဲ့ ထိုးနှက်တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဘီလာရုစ်က ရွှေ့ ပြောင်းအခြေချတွေရဲ့ စိတ်ပျက်အားငယ်မှုကို လက်နက်အဖြစ် အသုံးချနေမှုဟာ အတ္တဆန်ပြီး တုန်လှုပ်ဖွယ်ကောင်းနေပါတယ်” ဟု ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မစ်ရှယ်က ပြောသည်။
အဖွဲ့ဝင် ၂၇ နိုင်ငံမှ အီးယူသံတမန်များသည် ဘီလာရုစ်အပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံလုပ်ဆောင်ရန် ဥပဒေကြောင်း အရ သဘောတူညီခဲ့ပြီး အစောဆုံးအနေဖြင့် လာမည့်သီတင်းပတ်ထဲတွင် ဘီလာရုစနိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံပိုင်လေကြောင်းလိုင်း အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၃၀ ခန့်ကို အရေးယူသွားဖွယ်ရှိကြောင်း သိရသည်။ ဘီလာရုစ်သမ္မတကမူ အီးယူကို ဝေဖန်ပြစ်တင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
