ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေသည် အသင်းဟောင်းဖြစ်သည့် PSG နှင့် လစာကြွေးကျန်ကိစ္စအငြင်းပွားမှုအတွက် ပြင်သစ်ဘောလုံးလိဂ် ဥပဒေရေးရာကော်မရှင်၏ ဖျန်ဖြေရန် ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။
အမ်ဘာပေ (၂၅ နှစ်) သည် အသင်းဟောင်းထံမှ ယူရို ၅၅ သန်း (ဒေါ်လာသန်း ၆၀) မရသေးသဖြင့် ယင်းကိစ္စကို ကြားဝင်ဖြေရှင်းပေးရန် ပြင်သစ်ဘောလုံးလိဂ် ဥပဒေရေးရာကော်မရှင်ထံ တောင်းဆိုခဲ့သည်။
စက်တင်ဘာ ၁၁ ရက်က ပါရီမြို့၌ အမ်ဘာပေ၏ ကိုယ်စားလှယ်အဖွဲ့နှင့် PSG အသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် ကော်မရှင်၏ ဖျန်ဖြေရန် ကမ်းလှမ်းမှုကို ကစားသမားဘက်မှ လက်မခံဘဲ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ နှစ်ဖက်အကြား ပြေလည်မှုမရသေးဘဲ တရားရုံး၌ ဖြေရှင်းရဖွယ်ရှိနေသည်။
PSG အသင်းကမူ ၂၀၂၃-၂၀၂၄ ရာသီ မစတင်မီ အမ်ဘာပေနှင့် သဘောတူညီမှုအရ ၎င်းအား ကြွေးကျန်ပေးရန်မရှိကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၃ နွေရာသီတွင် အမ်ဘာပေက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ပြီးနောက် PSG အသင်းက ၎င်းအား လူစာရင်းမှ ချန်လှပ်ထားစဉ် ပြန်လည်ကစားခွင့်ရရန် အပိုဆုကြေးခံစားခွင့်များမယူဘဲ လက်လျှော့မည့် သဘောတူညီမှုပါဝင်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
အမ်ဘာပေသည် PSG အသင်း၌ ၂၀၁၇ မှ ၂၀၂၄ ခုနှစ်အထိ ခုနစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၀၈ ပွဲကစား၊ ၂၅၆ ဂိုးသွင်းယူကာ အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
