ဟားမာ့စ်အဖွဲ့ကို ချေမှုန်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကြုံးဝါးခဲ့ပြီးနောက် စစ်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို အောက်တိုဘာ ၁၁ ရက်တွင် တိုက်တွန်းခဲ့သည်။
အစ္စရေးကိုထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုဒေသသို့ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်ခဲ့သည့် အသက် ၈၀ အရွယ် ဘိုင်ဒင်သည် ဟားမာ့စ်ကို ထောက်ခံသည့် အီရန်ကိုလည်း သတိထား ရန် သတိပေးခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပြီးတွင် ဂျူးလူမျိုးများသေဆုံးမှုအများဆုံးနေ့ဖြစ်ခဲ့သည်ဟု ဘိုင်ဒင်က အိမ်ဖြူတော်တွင် ဂျူးအသိုင်းအဝိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
သို့သော် အစ္စရေးသည် ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပါလက်စတိုင်း ၁၀၀၀ ကျော်သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းအရာရှိများက ပြောကြားခဲ့ချိန်တွင် ဘိုင်ဒင်ကသူသည် အောက်တိုဘာ ၁၁ ရက် အစောပိုင်းတွင် နေတန်ယာဟုနှင့် ဖုန်းပြောခဲ့သည်ဟု ဆိုသည်။
ဘိုင်ဒင်က သူသည် နေတန်ယာဟုနှင့် သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်း ၄၀ ရှိပြီဖြစ်ပြီး ၎င်းတို့နှစ်ဦးအကြား ပွင့်လင်းသည့် ဆက်ဆံရေးရှိကာ နေတန်ယာဟုအကြောင်းကို ကောင်းစွာသိရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စစ်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အရေးကြီးကြောင်း နေတန်ယာဟုကို တိုက်တွန်းခဲ့သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဘိုင်ဒင်သည် အောက်တိုဘာ ၇ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို အလွန်ကြီးမားသည့် ဆိုးယုတ်မှုဟု ခေါ်ဆိုခဲ့ပြီး အစ္စရေး၏ တုံ့ပြန်မှုများနှင့်ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ပြောကြားခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
နေတန်ယာဟုကမူ ဟားမာ့စ်အဖွဲ့ကို အလုံးစုံ ချေမှုန်းသွားမည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။
“ဟားမာ့စ်အဖွဲ့ဝင်တိုင်းဟာ သေလူတွေဖြစ်ပါတယ်”ဟု နေတန်ယာဟုက ပြောကြားခဲ့ပြီး ဟားမာ့စ်အဖွဲ့ကို အိုင်အက်စ်အဖွဲ့နှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။
ထို့ပြင် ဘိုင်ဒင်က ဟားမာ့စ်အဖွဲ့ကို ထောက်ခံပေးထားသည့် အီရန်နှင့် အစ္စရေးနှင့် အမေရိကန်၏ ကာလကြာရှည်ရန်ဘက်ဖြစ်သည့် လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအဖွဲ့တို့ကိုလည်း ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။
ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Gerald R Ford သင်္ဘောနှင့်၎င်း၏ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုကိုလည်း အရှေ့အလယ်ပိုင်းဒေသသို့ ဖြန့်ကြက်ခဲ့မှုကို ဘိုင်ဒင်က ထပ်လောင်းပြောဆိုခဲ့ သည်။ အမေရိကန်အရာရှိများကမူ လိုအပ် လာပါက နောက်ထပ် လေယာဉ်တင်သင်္ဘော တစ်စင်းကိုလည်း စေလွှတ်သွားမည်ဟု ပြောကြားခဲ့သည်။
အစ္စရေးတွင် ဟားမာ့စ်၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသူများထဲတွင် အမေရိကန်နိုင်ငံသား ၂၂ ဦးပါဝင်ပြီး ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူများထဲတွင်လည်း အရေအတွက်မသိရသည့် အမေရိကန်နိုင်ငံသားများ ပါဝင်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
