အစ္စရေးကို ဟားမာ့စ်တို့က အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းကို သင်ခန်းစာယူရန်အတွက် ထိုင်ဝမ်သည် အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားသည်ဟု ကာကွယ်ရေးဝန်ကြီး ချူးကောချန်က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်ဝမ်အနေဖြင့် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများကို တန်ပြန်ရန်ကြိုးပမ်းနေစဉ် ထောက်လှမ်းရေးသတင်းရယူရေးသည် စစ်ပွဲကိုတားဆီးရန် အဓိကကျသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်က ၎င်းတို့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားသည့် ထိုင်ဝမ်သည် တရုတ်၏စစ်ရေးနှင့် နိုင်ငံရေးအရတိုးမြှင့် ဖိအားပေးမှုအောက်တွင် ကျရောက်နေပြီး ယမန်နှစ် သြဂုတ်လနောက်ပိုင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစားစစ်ရေးလေ့ကျင့်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးကို ဂယက်ရိုက်လာနိုင်သည့် ပဋိပက္ခတစ်ခု ဖြစ်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ထိုင်ဝမ် ရင်ဆိုင်နေရသည့် တရုတ်၏ ခြိမ်းခြောက်မှုနှင့် အစ္စရေးနှင့် ဟားမာ့စ်တို့အကြား ဖြစ်ပွားနေသည့် အခြေအနေတွင် ကြီးမားသော ကွာခြားချက်များရှိနေသော်လည်း ဥပမာအားဖြင့်ဆိုရလျှင် တရုတ်သည် ထိုင် ဝမ်ကျွန်းကို ကျူးကျော်ရန် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ရမည်ဖြစ်သည်။
ထိုင်ဝမ်အနေဖြင့် အစ္စရေး-ဟားမာ့စ် စစ်ပွဲမှ မည်သည့်သင်ခန်းစာများ ရရှိခဲ့သနည်းဟူသော သတင်းထောက်များ၏မေးမြန်းမှုနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီးချူးက ယင်းစစ်ပွဲအခြေ အနေကို စောင့်ကြည့်ရန် အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်ဟု ဆိုသည်။
“ကနဦးရရှိလိုက်တဲ့ သင်ခန်းစာကတော့ ထောက်လှမ်းရေးလုပ်ငန်းစဉ်ဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာပါပဲ။ ထောက်လှမ်းရေးသတင်းတွေရရှိမှသာ တန်ပြန်ရေးအစီအမံ အများအပြားကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး စစ်ပွဲကိုတောင် ရှောင်လွှဲနိုင်မှာဖြစ်တယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမာ့စ်တို့၏ စစ်ပွဲသည်စစ်ပွဲ၏ ထိတ်လန့်ဖွယ်အနိဌာရုံများကို လက်တွေ့ပြသနေကြောင်းနှင့် ထိုင်ဝမ်စစ်တပ်အနေဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုကို မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း စစ်ဖြစ်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ စစ်ပွဲကိုရှောင်လွှဲခြင်းသည် အားလုံး၏ တူညီသောမျှော်လင့်မှုဖြစ်သည်ဟု ၎င်းက ဆိုသည်။
တရုတ်နှင့် လွတ်လပ်ပြီး ကန့်သတ်ချုပ် ချယ်မှုကင်းသော အပြန်အလှန်ဆက်ဆံမှုရှိရန် ထိုင်ဝမ်အနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်သော်လည်း ထိုင်ဝမ်ကျွန်းသည် နောင်လာမည့်မျိုးဆက်များစွာတိုင်အောင် ဒီမိုကရေစီ စနစ်ကို အခြေခံသွားမည်ဟု သမ္မတဆိုင်အင်းဝမ်က အောက်တိုဘာ ၁၀ ရက်တွင်ကျရောက်သည့် အမျိုးသားနေ့တွင် မိန့်ခွန်းပြောကြားစဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ အစ္စရေးအပေါ်တိုက်ခိုက်မှုကို ထိုင်ဝမ်အစိုးရက ပြစ်တင်ရှုတ်ချထားပြီး ထိုင်ဝမ်သည် စိတ်တူကိုယ်တူ နိုင်ငံများနှင့် အတူလက်တွဲ၍ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကို ရင်ဆိုင်ကာ လွတ်လပ် မှုနှင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု ပြောကြားထားသည်။
လာမည့်နှစ် ဇန်နဝါရီလတွင် ထိုင်ဝမ်၌ သမ္မတရွေးကောက်ပွဲနှင့် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး အဓိကအတိုက် အခံပါတီဖြစ်သည့် ကူမင်တန်(KMT)ပါတီက ထိုရွေးကောက်ပွဲများသည် စစ်ပွဲနှင့် ငြိမ်းချမ်းမှုကို ရွေးချယ်မှုဖြစ်လာမည်ဟု ဆိုသည်။ ထို့အပြင် အာဏာရ ဒီမိုကရက်တစ် တိုးတက် ရေးပါတီ (DPP)သည် တရုတ်ကို ရည်ရွယ်ချက်ရှိရှိ ရန်စ၍ ထိုင်ဝမ်ကို စစ်ပွဲချောက်ကမ်းပါးစွန်းဆီသို့ တွန်းပို့နေသည်ဟု ကူမင်တန်က စွပ်စွဲထားသည်။ သမ္မတဆိုင်အင်းဝမ်သည် ထိုင်ဝမ်၏ ကာကွယ်ရေးအင်အားကို ဖြည့်တင်းရန် စစ်တပ်ကို အဆင့်မြှင့်တင် တည်ဆောက်နေသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
