မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် အမေရိကန်၏ နျူကလီးယားစွမ်း အင်သုံး လေယာဉ်တင်သင်္ဘောကြီးသည် အောက်တိုဘာ ၁၂ ရက်က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့သည်။
ထိုစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ရန် တွန်းအားပေးလုပ်ဆောင်သွားမည်ဟု ထပ်လောင်းအတည်ပြုခဲ့သည်။
ယူအက်စ်အက်စ် ရော်နယ်ရေဂင် ဦးဆောင်သော အမေရိကန်၏ တိုက်ခိုက်ရေး စစ်ရေယာဉ်စုသည် တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ဘူဆန်သို့ ရောက်ရှိလာခဲ့သည်။
အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်က အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ရေတပ်တို့သည် တောင်ကိုရီးယား၏ ဂျယ်ဂျူကျွန်းအနီး နိုင်ငံတကာရေပိုင်နက်ထဲတွင် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားရေတပ်က ပြောကြားသည်။ ၎င်းစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အန္တရာယ်ကို တန်ပြန်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားအစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်နေခြင်းအား တုံ့ပြန်ရန်အတွက် ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းများ ပုံမှန်ဖြန့်ကြက်မှုကို တိုးမြှင့်ရန်အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား သဘောတူညီမှု တစ်စိတ်တစ်ဒေသအဖြစ် ရောက်ရှိလာသည့် လေယာဉ်တင်သင်္ဘောဦးဆောင်သည့် အမေရိကန်စစ်ရေ ယာဉ်စုသည် လာမည့်အောက်တိုဘာ ၁၆ ရက်အထိ ဘူဆန်တွင် ဆက်ရှိနေမည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယခုနှစ် မတ်လနှောင်းပိုင်းက ဘူဆန်ဆိပ်ကမ်းတွင် အမေရိကန်လေယာဉ်တင် သင်္ဘော ယူအက်စ်အက်စ်နီမစ်ဇ်လာရောက် ဆိုက်ကပ်ခဲ့ပြီးနောက်ပိုင်းခြောက်လအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသို့ အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း ရောက်ရှိလာခြင်းဖြစ်သည်။
လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်ရော်နယ်ရေဂင် တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းသည် အမေရိကန်၏ အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်မှုကို အဓိကလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်နေသည့် မြောက်ကိုရီးယားကို အမျက်ဒေါသထွက်စေဖွယ်ရှိသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလက ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းလွန်တွင် ယူအက်စ်အက်စ်ရော်နယ်ရေဂင် လေယာဉ်တင်သင်္ဘောကြီး တောင်ကိုရီးယားတပ်ဖွဲ့ဝင်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအများအပြား လုပ်ဆောင်ခဲ့စဉ်ကလည်း အမေရိကန်၏လေယာဉ်တင်သင်္ဘော တပ်ဖြန့်မှုသည် ဒေသတွင်းလုံခြုံရေးအပေါ် အလွန်အန္တရာယ်များသော ဂယက်ရိုက်မှုများ ဖြစ်စေသည်ဟု မြောက်ကိုရီးယားက အပြစ်တင်ခဲ့ပြီး ယင်းကိုလက်တုံ့ပြန်သည့်အနေဖြင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သည်။
အောက်တိုဘာ ၁၂ ရက်က မြောက်ကိုရီးယား-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်ပြည့်အထိမ်းအမှတ် သဝဏ်လွှာများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က အပြန်အလှန်ပေးပို့ခဲ့ကြောင်း သိရသည်။
Ref: AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
