အစ္စရေးနှင့် ပါလက်စတိုင်းအကြား အမှတ်မထင် စစ်ပွဲ ပေါ်ပေါက်လာပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်က အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံနှင့်ချုပ်ဆိုထားသည့် ၂၀၁၈ စစ်ရေးသဘောတူညီချက်ကို အဆုံးသတ်ပစ်ရန် ဆန္ဒရှိနေကြောင်း အောက်တိုဘာ ၁၀ ရက်တွင် သတင်းထောက်များအား ပြောသည်။
"မြောက်ကိုရီးယားက တိုက်ခိုက်လာနိုင်တဲ့အန္တရာယ်ကို တန်ပြန်ဖို့ဆိုရင် မြောက်ကိုရီးယားရဲ့စစ်ရေးလှုပ်ရှားမှုတွေကို စောင့်ကြည့်နေဖို့ လိုပါတယ်။ဒါမှလည်း သူတို့ဘက်က ရန်စဖို့ ပြင်ဆင်နေ မနေ ကြိုတင်သိနိုင်မှာ" ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
အိမ်နီးချင်းမြောက်ကိုရီးယားကို ကင်းထောက်မှုများ ပြန်စတင်နိုင်အောင် ၂၀၁၈ တောင်-မြောက်ကိုရီးယားစစ်ရေးသဘောတူညီချက်ရပ်ဆိုင်းရေး သူ့အနေဖြင့် အပြင်းအထန်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ဟားမာ့စ်နှင့်စစ်ပွဲတွင် အစ္စရေးတို့ဘက်က လေယာဉ်များ၊ ဒရုန်းများဖြင့် ထောက်လှမ်းခဲ့မည်ဆိုပါက အထိအခိုက်နည်းမည်ဖြစ်ကြောင်းလည်း သူကဆိုသည်။
နယူးယောက်တိုင်းမ်စ်သတင်းစာတွင်မူ အစ္စရေးစစ်တပ်နှင့် ထောက်လှမ်းရေးယန္တရားအတွက် ဟားမာ့စ်တို့တိုက်ခိုက်လာမှုက မျှော်လင့်မထားသည့်အရာဟု ဆိုထားသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် ကိုရီးယားနှစ်နိုင်ငံလက်မှတ်ထိုး ချုပ်ဆိုခဲ့သည့် စစ်ရေးသဘောတူညီချက်တွင် ကိုရီးယားကျွန်းဆွယ်၌ စစ်ရေးတင်းမာမှုများ လျှော့ချရေး၊ ညှိနှိုင်းဆွေးနွေးရေးနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတို့ဖန်တီးရေး အချက်များကို သဘောတူခဲ့ကြသည်။
ယင်းစာချုပ်ချုပ်ဆိုပြီးကတည်းက မနှစ်ကနိုဝင်ဘာတွင် မြောက်ကိုရီးယားက ဒုံးကျည် ၂၃ စင်း ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့သည်မှလွဲပြီး ကိုရီးယားနှစ်နိုင်ငံအကြား ကြီးကြီးမားမားထိတွေ့တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
